မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီနာယကဖလား ခရိုင်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီနာယကဖလား ခရိုင်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်

 



MNP - အောက်တိုဘာ   ၈


ကချင်ပြည်နယ်ရှိ အမျိုးသမီးများ၏ အားကစားကဏ္ဍ ပိုမိုတိုးတက်မြှင့်မားလာစေရေးနှင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် လက်ရွေးစင်ကစားသမားများ ရွေးချယ် လေ့ကျင့်နိုင်ရေး အတွက် ကချင်ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီ နာယကဖလား ခရိုင်ပေါင်းစုံ အသက် (၁၈)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲကို အောက်တိုဘာ ၆ ရက်နေ့ ညနေ ၃ နာရီက ပြည်နယ်ပြည်သူ့ အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။


ဘောလုံးပြိုင်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်နှင့်ပြည်နယ်ဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်အမျိုးသမီး အားကစားအဖွဲ့ဆပ်ကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းက ပြည်နယ်အတွင်းရှိ အမျိုးသမီးများ၏ အားကစားကဏ္ဍတိုးတက်မြှင့်မားရေးအတွက် ဆောင်ရွက်ခဲ့ရာ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် အမျိုးသမီး‌လက်ရွေးစင်အသင်းများအနေဖြင့် ဂေါက်သီးရိုက်၊ အေရိုးဗစ်၊ ဘော်လီဘောနှင့် ဂျူဒိုပြိုင်ပွဲများအား တံခွန်စိုက်ဆုဖလားများကို ရရှိခဲ့ပါကြောင်း၊ ယနေ့ပြိုင်ပွဲ ကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးပြိုင်ပွဲတွင် အမျိုးသမီးများ အောင်မြင်မှု ရရှိစေပြီး ပြိုင်ပွဲမှတစ်ဆင့် အရည်အချင်းပြည့်ဝသည့် ကစားသမားများကို ရွေးချယ်လေ့ကျင့်ပေး သွားမည်ဖြစ် ကြောင်း တိုက်တွန်းအားပေးပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများမှ အသင်းနည်းပြ၊ အုပ်ချုပ်သူများ၊ ကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံအားပေးခဲ့ကြပြီး ဖွင့်ပွဲအထိမ်းအမှတ် သရုပ်ပြအဖွဲ့များက သရုပ်ပြဖျော်ဖြေတင်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က သရုပ်ပြအဖွဲ့ များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


ယင်းနောက် ခရိုင်ပေါင်းစုံ အသက် ၁၈ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် မြစ်ကြီးနားခရိုင်အသင်းနှင့် ဗန်းမော်ခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို အားပေးကြည့်ရှုခဲ့ကြသည်။


အဆိုပါ ‌အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ပြည်နယ်အတွင်း ခရိုင် (၆)ခရိုင်ရှိသည့် အနက် မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်၊ ပူတာအိုခရိုင် (၄)ခရိုင်မှ အသင်း (၄)ဖြင့် ပါဝင်ယှဉ်ပြိုင်သွား မည်ဖြစ်ပြီး  ဗိုလ်လုပွဲကို အောက်တိုဘာ ၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကာဆုရ အသင်း များအား ထိုက်ထိုက်တန်တန်ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ ပြိုင်ပွဲမှ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် လူရွေးချယ်၍ စခန်းသွင်းလေ့ကျင့်ပေးသွားမည် ဖြစ်ကြောင်း ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)