ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက်၌ စားဝတ်နေရေးခက်ခဲသည့် အိမ်ထောင်စုများအား ဆန်များထောက်ပံ့လှူဒါန်း - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက်၌ စားဝတ်နေရေးခက်ခဲသည့် အိမ်ထောင်စုများအား ဆန်များထောက်ပံ့လှူဒါန်း


22


MNP - အောက်တိုဘာ  ၂၅


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက်၌ ယမန်နေ့က ရပ်ကွက်အတွင်းမှ ပုံမှန်ဝင်ငွေမရှိသော စားဝတ်နေရေးခက်ခဲသည့် အိမ်ထောင်စု(၁၀၄)စုအား တစ်အိမ်ထောင်လျှင် ဆန်(၃)ပြည် နှုန်းဖြင့် အလှူရှင်များမှ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရ သည်။


ဆန်များထောက်ပံ့လှူဒါန်းရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များမှ ရပ်ကွက်အတွင်း စားဝတ်နေရေး ခက်ခဲသည့် အိမ်ထောင်စုများအား တစ်အိမ်ထောင်လျှင် ဆန်(၃)ပြည်နှုန်းဖြင့် လာရောက်ထုပ်ယူရန် လိုက်လံ နှိုးဆော်ပေးခဲ့သည်။


ထို့နောက် ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက် ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့် အဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ အိမ်ထောင်စုများထံ ထောက်ပံ့လှူဒါန်း ပေးအပ်ခဲ့ကြသည်။


သတင်း - ရွှေသောင်ယံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages