မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဈေးမီးဘေး လုံခြုံရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဈေးမီးဘေး လုံခြုံရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

 



MNP - အောက်တိုဘာ  ၂၉  


ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဈေးမီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းကို ယနေ့မွန်းလွဲ ၂;၃၀ နာရီအချိန်က အမှတ်(၁၀)ရပ်ကွက်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်ဗိုလ်ချုပ်ဈေး၌ ဆောင်ရွက်သည်။


အဆိုပါ ဈေးမီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်ခန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကိုယ်စား ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ထွေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ၊ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ ကြည့်ရှုအားပေးခဲ့ကြပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဇော် ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၂၀) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀) ဦးတို့မှ မီးသတ်ယာဉ် (၃) စီး၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ပိုင် ရေသည်ယာဉ်(၁)စီးဖြင့် မီးငြိမ်းသတ်ရေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခဲ့ကြပြီး ဈေးသူဈေးသားများအား မီးသတ်ဆေးဗူး အသုံးပြု၍ လက်တွေ့မီးငြိမ်းသတ်ခြင်းလုပ်ငန်းနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ မီးခိုးမွှန် အသက်ရှူပိတ်မေ့မျောခြင်းအား အခြေခံအသက်ကယ် အထောက်အကူပြုနည်း စနစ်ဖြင့် ပြုစုခြင်း၊ အမြင့်မှကျ၍ ကျောရိုးတန်းမကြီး ထိခိုက်မှုပြုစုနည်းအား လက်တွေ့သရုပ်ပြ လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။


သတင်း - အောင်အောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)