မိုင်းဖြတ်မြို့နယ်နှင့် မိုင်းယောင်းမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲရုံအရေအတွက်များ လျာထားသတ်မှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဖြတ်မြို့နယ်နှင့် မိုင်းယောင်းမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲရုံအရေအတွက်များ လျာထားသတ်မှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ




MNP - အောက်တိုဘာလ ၁၇


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နှင့်မိုင်းယောင်းမြို့နယ်အတွင်း  မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲရုံအရေအတွက်များ လျာထားသတ်မှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်ဦးနှင့် ဦးမင်းမင်းဦးတို့က လာမည့်ရွေးကောက်ပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ နှင့်အညီ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မြို့နယ်အလိုက် အခြေခံမဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး ပြောင်းဝင်၊ ပြောင်းထွက်၊ သေဆုံးမှု စသည့် လူဦးရေစာရင်းများကို သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ လစဉ် Update ဖြစ်အောင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မြို့နယ်အလိုက် မဲပေးပိုင်ခွင့်ရှိသူများ အဆင်ပြေချောမောစွာ ဆန္ဒမဲပေးနိုင်ရေး မဲရုံနေရာရွေးချယ်ချထားမှု၊ မဲရုံသုံးပစ္စည်းများ ဖြည့်ဆည်းခြင်းနှင့် လိုအပ်ချက်များကို ကြိုတင်ပြင်ဆင် ဖြည့်ဆည်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် မိုင်းယောင်းမှ ရွေးကောက်ပွဲအရာရှိ ဦးစိုင်းမှိုင်ခမ်းနှင့် မိုင်းဖြတ်မြို့နယ်မှ  ရွေးကောက်ပွဲအရာရှိ ဦးအောင်မြတ်မိုးတို့က   မြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး ပြောင်းဝင်၊ ပြောင်းထွက်၊သေဆုံးမှု စသည်များကို လစဉ်ပူးပေါင်းကွင်းဆင်း၍ တိုက်ဆိုင်စိစစ်ဆောင်ရွက်နေမှုများနှင့် မဲရုံများလျာထား သတ်မှတ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို Power point ဖြင့်  ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနနှင့် တပ်နယ်တာဝန်ခံများက ရွေးကောက်ပွဲအကြိုကာလ လုပ်ငန်းဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များက လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက တာဝန်ရှိသူများနှင့်အတူ မဲရုံသုံးပစ္စည်းများ ကြည့်ရှုစစ်ဆေးပြီး မိုင်းဖြတ်မြို့နယ်ရှိ လျာထားမဲရုံများဖြစ်သည့် ဈေးတန်းရပ်ကွက်၊ ဝမ်မိုင်ရပ်ကွက်၊ တပ်နယ်ခန်းမ၊ နားလီးကျေးရွာခန်းမ တို့ကို  ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)