နတ်မောက်မြို့ပေါ် (၇)ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၅၀၀)စုအား စားကုန်များ ထောက်ပံ့ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့ပေါ် (၇)ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၅၀၀)စုအား စားကုန်များ ထောက်ပံ့ပေး



MNP - အောက်တိုဘာ   ၃၀


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နတ်မောက်မြို့နယ်အတွင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စု (၅၀၀)စုအား စားကုန်များထောက်ပံ့ပေးခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က မြို့ပေါ်ရပ်ကွက်ရှိ စုရပ် များတွင် အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။


ထိုသို့ အခြေခံလူတန်းစားအိမ်ထောင်စုများအား စားကုန်များထောက်ပံ့ပေးရာသို့  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်စင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးနေဇော်ဟိန်း၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူးတင်ကိုကို၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနဦးစီးအရာရှိ ဦးမျိုးတင့်နှင့်ဌာနဆိုင်ရာများက အောင်ဆန်းရပ်ကွက်ရှိ အိမ်ထောင်စု(၇၅)စု၊ ဈေးရပ်ကွက် အိမ်ထောင်စု (၇၅)စု၊ တမာပင်ရပ်ကွက် အိမ်ထောင်စု(၇၀)စု၊ ရန်အောင်မြင်ရပ်ကွက် အိမ်ထောင်စု(၇၀)စု၊ ကန်ကြီး ရပ်ကွက် အိမ်ထောင်စု(၇၀)စု၊ မြို့မ ကွက်သစ်ရပ်ကွက်အိမ်ထောင်စု(၇၀)စု၊ မြို့မရပ်ကွက် အိမ်ထောင်စု (၇၀)စု၊ စုစုပေါင်း အိမ်ထောင်စု(၅၀၀)စု တို့အား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး တက်ရောက်လာသော အခြေခံလူတန်းစားများအား Mask များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


သတင်း - လှဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)