မိတ္ထီလာမြို့ သမိုင်းဝင်မြို့တွင်းဆုတောင်းပြည့်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုများလောင်းလှူပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့ သမိုင်းဝင်မြို့တွင်းဆုတောင်းပြည့်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုများလောင်းလှူပွဲကျင်းပ



MNP - အောက်တိုဘာ   ၁၈


မန္တလေးတိုင်းဒေသကြီး မိတ္ထ္လီလာမြို့ မြို့မရပ်ကွက်တွင် တည်ထားကိုးကွယ်သော သမိုင်းဝင်မြို့တွင်းဆုတောင်းပြည့်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုများလောင်းလှူပွဲကို ယမန်နေ့ ညနေ ၄ နာရီအချိန်က အဆိုပါ ဆုတောင်းပြည့်ဘုရားပရဝုဏ်အနီးတွင် ကျင်းပကြောင်းသိရသည်။


မိတ္ထီလာမြို့ သမိုင်းဝင်းမြို့တွင်းဆုတောင်းပြည့်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော် ၈ ရက်နေ့တိုင်း ကျင်းပပြုလုပ်နေကျဖြစ်ပါတယ်။ ဟိုယခင်ကတော့ ဇာတ်ပွဲ၊ အငြိမ့်ပွဲ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခုနောင်ပိုင်းနှစ်တွေမှာတော့ ဘုရားပွဲတော်အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကိုပဲ နှစ်စဉ်ကျင်းပဖြစ်တော့တာပါ။ ဒီနှစ်လည်း မြို့တွင်းဆုတောင်းပြည့်ဘုရား ဗုဒ္ဓဘိသေကအနေကဇာတင်မင်္ဂလာကျင်းပပြီး ပင့်သံဃာတော် ၅၅ ပါးထံကို ဝတ္ထုငွေများ မဲဖောက်ဆက်ကပ်လှူဒါန်းခြင်းနဲ့ ဆွမ်းဆန်စိမ်းများ၊ လှူဖွယ်ဝတ္ထုများလောင်းလှူခြင်းကို ဒေသခံစေတနာရှင်အလှူရှင်များ စုပေါင်းပြုလုပ်ကြတာ ဖြစ်ပါတယ်ဟု အဆိုပါမြို့တွင်းဆုတောင်းပြည့်ဘုရား ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။


အဆိုပါ သမိုင်းဝင်မြို့တွင်းဆုတောင်းပြည့်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ နဂါးရုံကျောင်းတိုက်၊ ဈေးကုန်း(၇)ဆူကျောင်းတိုက်၊ ပစ္ဆိမာရုံကျောင်းတိုက်၊ ရွှေမြင်တင်ကျောင်းတိုက်နှင့် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ပင့်သံဃာတော် ၅၅ ပါးကြွရောက်အလှူခံပြီး စေတနာရှင်အလှူရှင်များက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုများ လောင်းလှူခဲ့ကြောင်း သိရသည်။


သတင်း - ချမ်းသာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)