MNP ၊အောက်တိုဘာ ၃
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်၌ အခြေခံပြည်သူများသို့ တန်ဖိုးသင့် စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချခြင်းကို ယနေ့ နံနက်(၇)နာရီတွင် တောင်ကုတ်လမ်း - သံတွဲလမ်း (လမ်းခွဆုံ) တွင်ဆောင်ရွက်ခဲ့သည်။
ထိုသို့အခြေခံစားကုန်နှင့်ဟင်းသီးဟင်းရွက်များသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို တောင်ကုတ်တပ်နယ်မှ ဦးဆောင်၍တပ်ရင်းတပ်ဖွဲ့ဝင်များနှင့်အတူ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများမှ ပူးပေါင်းပါဝင် ကာ ဝက်သား ၊ ကြက်သား၊ကြက်ဥ၊အမဲဘူး ၊ ခေါက်ဆွဲ ၊ ကြာဇံ ၊ဘီစကစ်၊ ငံပြာရည် နှင့်ဟင်းသီး၊ဟင်းရွက်များ ကိုရောင်းချပေးခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
အဆိုပါ အခြေခံစားကုန်နှင့်ဟင်းသီး၊ဟင်းရွက်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချရာတွင် ဈေးဝယ်သူများနှင့်စည်ကားခဲ့ကာ ဈေးဝယ်လာသူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်သွားလာရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment