ဟိုင်းကြီးကျွန်းမြို့၌ သော်ကမြိုင်လမ်းနှင့်ငုရွှေဝါလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေများအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုင်းကြီးကျွန်းမြို့၌ သော်ကမြိုင်လမ်းနှင့်ငုရွှေဝါလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေများအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး




MNP - အောက်တိုဘာ   ၁၅


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် မြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ခု၊ဘဏ္ဍာရေးနှစ်ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်သည့်အမှတ်(၁)ရပ်ကွက်၊သော်ကမြိုင်လမ်း(၈၀'၁၂'၆")ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ငုရွှေဝါလမ်း (၃၆၀'၁၂'၆")ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ဟိုင်းကြီးကျွန်းမြို့ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများမှ ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှုစစ် ဆေးမှုများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။


အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ဟိုင်းကြီးကျွန်းမြို့စည်ပင်သာယာရေး ကော်မတီမှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းများ၏ အရည်အသွေးပြည့်မှီမှုအခြေအနေများနှင့် သတ်မှတ်အရည်အသွေးများ ပြည့်မှီမှု ရှိ/မရှိကို မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် စည်ပင် သာယာရေးအဖွဲ့တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကိုမှာကြားခဲ့ ကြောင်း သိရသည်။


သတင်း - လှိုင်မျိုးအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)