မလှိုင်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ နှင့် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အစားထိုးရွေးချယ်တင်မြှောက်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မလှိုင်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ နှင့် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အစားထိုးရွေးချယ်တင်မြှောက်ပွဲကျင်းပ



MNP - အောက်တိုဘာ   ၁၃


မလှိုင်မြို့နယ်၊ မြို့နယ်သမဝါယမအသင်းစု (လီမိတက်)၏ ၂၀၂၀-၂၀၂၁ နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အစားထိုးရွေးချယ်တင်မြှောက်ပွဲကို ယနေ့နံနက်(၁၀)နာရီ အချိန်က မြို့နယ် သမဝါယမ အသင်းစုရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်မိုးနှင့် တိုင်းဒေသကြီးသမဝါ ယမအသင်းစုချုပ် အတွင်းရေးမှူး ဦးသိန်းမြင့်တို့မှ လမ်းညွှန်အမှာစကားများ ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အခြေခံသမဝါယမအသင်းများမှ ချေးယူထားသည့် ချေးငွေများနှင့်ပတ်သက်၍ ကျန်ရှိနေသည့် အသင်းများအနေဖြင့် အပြေအကြေပြန်လည်ပေးဆပ်သွားရန်တိုက်တွန်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်သမဝါယမဦးစီးအရာရှိ ဦးဇော်လင်းကိုက လုပ်ငန်းဆိုင်ရာများအား ဆွေးနွေးတင်ပြခဲ့ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေမှုစာရင်းအား အသင်းစုအတွင်းရေးမှူး ဦးကျော်ညွန့်မှလည်းကောင်း၊ မြို့နယ်အသင်းစု ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များအား အသင်းစု ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးမှ လည်းကောင်း၊ စာရင်းစစ်အစီရင်ခံစာအား အဖွဲ့ခေါင်းဆောင် ဦးမျိုးဆွေမှ လည်းကောင်းဖတ်ကြားတင်သွင်းခဲ့ပြီး သဘာပတိက၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၏ ရှေ့လုပ်ငန်းစဉ်များအား အသင်းဝင်ကိုယ်စားလှယ်များထံမှ အတည်ပြုချက် ရယူ၍ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။


ဆက်လက်၍ အစားထိုးရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကိုကျင်းပရာ သဘာပတိအဖြစ် တိုင်းဒေသကြီး ဖွဲ့စည်းရေးကော်မတီဉက္ကဋ္ဌ၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်မိုးက ဆောင်ရွက်ပြီး လစ်လပ်သွားသော မြို့နယ်ဒါရိုက်တာအဖွဲ့ဝင်နေရာအားရွေးချယ်ခြင်းနှင့် အတည်ပြုကြေညာခြင်းကို ဆောင်ရွက်ခဲ့သည်။ ထို့နောက် ရွေးချယ်ခံရသည့် အသင်းအမှုဆောင်အသစ် ဦးမြင့်ဆွေမှ သဘာပတိရှေ့မှောက်တွင် ကတိသစ္စာခံယူခဲ့ပြီး သဘာပတိမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။


မလှိုင်မြို့နယ် သမဝါယမအသင်းစုအနေဖြင့် အခြေခံသမဝါယမအသင်းပေါင်း (၂၄၉)သင်း ဖွဲ့စည်းထားရှိပြီး China  Exim Bank ချေးငွေလုပ်ငန်း၊ လယ်ယာသုံးစက်ကိရိယာပစ္စည်းများ အရစ်ကျရောင်းချခြင်း၊ အရင်းမပျောက် မတည်ချေးငွေလုပ်ငန်း၊ သွင်းအားစုလုပ်ငန်းများဖြစ်သည့် မြေဩဇာ/ပိုးသတ်ဆေးရောင်းချခြင်း၊ တည်းခိုခန်းလုပ်ငန်း လုပ်ကိုင်ခြင်း၊ လယ်ယာမြေပြုပြင်ရေး လုပ်ငန်းနှင့် ပင်မလုပ်ငန်းဟူ၍ လုပ်ငန်း(၇)ခုကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - အောင်ဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)