ရပ်စောက်မြို့နယ် စူဠာမုနိကုသိုလ်တော်ဘုရားကြီး၌ ဝါတွင်းကာလ (၃)လအတွင်း (၃၆)ကြိမ်မြောက် ဓမ္မစကြာရွတ်ပွားပူဇော်ခဲ့ကြသည့် ဓမ္မစကြာဝတ်အသင်းများအားဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရပ်စောက်မြို့နယ် စူဠာမုနိကုသိုလ်တော်ဘုရားကြီး၌ ဝါတွင်းကာလ (၃)လအတွင်း (၃၆)ကြိမ်မြောက် ဓမ္မစကြာရွတ်ပွားပူဇော်ခဲ့ကြသည့် ဓမ္မစကြာဝတ်အသင်းများအားဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ



MNP - အောက်တိုဘာ   ၈


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၌ စူဠာမုနိကုသိုလ်တော်ဘုရားကြီးတွင်(၃၆)ကြိမ်မြောက် ဓမ္မစကြာအခါတော်နေ့နှင့် ဝါတွင်းကာလ(၃)လအတွင်း လပြည့်/လကွယ် ဥပုသ်(၈)ရက်နေ့များတွင်အဆက်မပြတ် ဓမ္မစကြာရွတ်ပွားပူဇော်ခဲ့ကြသည့် ဓမ္မစကြာဝတ်အသင်း (၄၇)သင်းအား ဂုဏ်ပြုအခမ်းအနားကို ယနေ့နံနက် (၆း၀၀)အချိန်၌ သံဃာတော်များအား အာရုံဆွမ်းဆပ်ကပ်လှူဒါန်းခြင်းကို စူဠာမုနိကုသိုလ်တော်ဘုရားကြီး၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ အခမ်းအနားကို ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိသတ်တို့က နမောတဿ(၃)ကြိမ် သံပြိုင်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ စူဠာမုနိကုသိုလ်တော်ဘုရားကြီး၏  ဂေါပကဥက္ကဋ္ဌ ဦးကျော်ဇောမှ ကျေးဇူးတင်စကားပြောကြားပြီး ရပ်ကွက်/ကျေးရွာ ပညာရေးကျောင်းများမှ ဓမ္မစကြာဝတ်အသင်း (၄၇)သင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာလူကြီးများမှ ဂုဏ်ပြုလက်ဆောင်များကို အသီးသီးချီးမြှင့်ခဲ့ကြောင်းနှင့် မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၁၅)ကျောင်းမှ သံဃာတော်(၅၀၂)ပါးတို့အား နဝကမ္မဝတ္ထုငွေနှင့် ဆွမ်းဆန်စိမ်းများကိုလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)