နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွက် ဆိုလာ(၄၇၀)စုံ လွှဲပြောင်းပေးအပ်ပွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွက် ဆိုလာ(၄၇၀)စုံ လွှဲပြောင်းပေးအပ်ပွဲ




MNP - အောက်တိုဘာ   ၁၂


နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်ကျေးရွာများအတွက် ဆိုလာ (၄၈၇)စုံ လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို ယမန့်နေ့က ပင်းတယမြို့၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့တိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးမှ အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် Sandi Solar ကုမ္ပဏီမှ ဆိုလာနှင့် ဆက်စပ်ပစ္စည်းများတပ်ဆင်ပုံ၊ အသုံးပြုပုံနည်းလမ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ပေးပြီး၊ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများမှ သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများထံ ဆိုလာပြားများ လွှဲပြောင်းပေးအပ်ခဲ့သည်။


အဆိုပါ ဆိုလာလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်ရှိ ရနဲကျေးရွာ၊ မင်းပလောင်ကျေးရွာ၊ ညောင်ပင်သာယာကျေးရွာနှင့် ကျောက်တောကျေးရွာများအတွက် ဆိုလာ (၄၈၇)စုံ၊ စုစုပေါင်းတန်ဖိုးကျပ် (၁၂၅.၈၄၁)သန်းဖြစ်ကြောင်း သိရသည်။


သတင်း - အောင်ကိုဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)