ကန့်ဘလူမြို့တွင် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့တွင် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး



MNP - အောက်တိုဘာ   ၇


စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ရပ်ကွက်နေပြည်သူများ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့်  ဝယ်ယူစားသောက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်၍ ယနေ့နံနက် ၇ နာရီက စည်ပင်သာယာခန်းမ၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။


ထိုသို့ ဈေးနှုန်းသက်သာစွာဖြင့်  ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်ထွေ/ အုပ်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကြီးကြပ်၍ အိမ်ထောင်စုတစ်စုလျှင် ဆန် တစ်ပြည်၊ ဆီ (၁၀)ကျပ်သား၊ ကြက်သွန်နီ (၂၀)ကျပ်သား၊ ငါးခြောက်( ၂၀)ကျပ်သား စသည့် ပစ္စည်းလေးမျိုးကို ၃၀၀၀ ကျပ်ဖြင့် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။ ထို့ပြင် ဆီ ၅၀ ကျပ်သားကိုလည်း ၃၀၀၀ ကျပ်ဖြင့်ထပ်မံရောင်းချပေးခဲ့ကြောင်း သိရသည်။


အဆိုပါခန်းမ၌ အခြေခံစားသောက်ကုန်လာရောက်ဝယ်ယူသူ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းကာကွယ်ဆေး (တတိယအကြိမ်) ကာကွယ်ဆေးထိုးနှံပေးပြီး၊ ကျန်းမာရေးမကောင်းသူများကိုလည်း အခမဲ့ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို ခုတင် ၁၀၀ ဆေးရုံအုပ်ဒေါက်တာနေမိုးနှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - အောင်ဝင်းငြိမ်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)