ဂွမြို့တွင် ကင်းရုံးရပ်ကွက်၌ မြေပြင်အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းကောက်ခံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့တွင် ကင်းရုံးရပ်ကွက်၌ မြေပြင်အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းကောက်ခံ





MNP ၊ အောက်တိုဘာ ၄

 ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင်  မြေပြင်အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းကောက်ခံခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ ပူးပေါင်း၍ ယမန်နေ့၊ နံနက်ပိုင်းက ကင်းရုံးရပ်ကွက်အတွင်းတွင် တစ်အိမ်ဝင်/ထွက် စနစ်ဖြင့် ကွင်းဆင်းကောက်ခံလျက်ရှိသည်။


ထိုသို့ကွင်းဆင်းကောက်ခံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိ သူများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများက ကင်းရုံးရပ်ကွက်အတွင်းတွင် တစ်အိမ်ဝင်/ထွက် စနစ်ဖြင့် မြေပြင်အိမ်ထောင်စုလူဦးရေစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် မြေပြင်အိမ်ထောင်စုလူဦးရေ စာရင်းများ ကွင်းဆင်းကောက်ခံခဲ့ကြောင်းသိရသည်။

ဂွမြို့နယ်တွင် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် (Pilot Project) အနေဖြင့် ဆောင်ရွက်ရန် ကင်းရုံးရပ်ကွက် တွင် မြေပြင်အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းကောက်ခံခြင်းကို အောက်တိုဘာလ(၃)ရက်နေ့မှ (၇)ရက်နေ့ထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)