နှစ်ပေါင်း(၁၀၀)ကျော်သက်တမ်းရှိ ရှေးဟောင်းသမိုင်းဝင် လွယ်ကောင်း(လေကောင်း) စေတီတော် မြတ်ကြီး၌ ဆွမ်းလောင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နှစ်ပေါင်း(၁၀၀)ကျော်သက်တမ်းရှိ ရှေးဟောင်းသမိုင်းဝင် လွယ်ကောင်း(လေကောင်း) စေတီတော် မြတ်ကြီး၌ ဆွမ်းလောင်းပွဲကျင်းပ



MNP - အောက်တိုဘာ  ၁၈


ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့အနီး နန်းပုလင်းကျေးရွာအုပ်စု၌  ဘုရင်နရပတိစည်သူ တည်ထားခဲ့သည့် နှစ်ပေါင်း (၁၀၀) ကျော် သက်တမ်းရှိသည့် ရှေးဟောင်းသမိုင်းဝင် လွယ်ကောင်းစေတီတော်မြတ်ကြီး၌ ဒေသခံပြည်သူများက သံဃာတော်ကြီးများနှင့် သံမဏေတော်များကို ယနေ့နံနက်ပိုင်းတွင် ဆွမ်းလောင်းပူဇော်သည်။


 “ရှေးဟောင်းသမိုင်းဝင် လွယ်ကောင်း(လေကောင်း)စေတီတော်မြတ်ကြီးမှာ ဆွမ်းလောင်းပွဲကို တစ်နှစ်အတွင်း သုံးကြိမ် ဆွမ်းလောင်းပွဲကျင်းပပါတယ် ရှေးဘိုးဘွားလက်ထက်ကတည်းက ယနေ့အထိ နှစ်စဉ်ကျင်းပတာပါ ဆွမ်းလောင်းပွဲကို အရပ်လေးမျက်နှာက ဘုရားဒါကာအားလုံး လာ ရောက်ပြီး ဆွမ်းလောင်းကြပါတယ်” ဟု ထီလုံးကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။


အဆိုပါ ရှေးဟောင်းသမိုင်းဝင် လွယ်ကောင်း(လေကောင်း)စေတီတော်မြတ်ကြီးကို ဘုရင်နရပတိ စည်သူက လံစက္ကျာကို ဌာပနာထည့်သွင်း၍ တည်ထားခဲ့ပြီး စေတီတော်ကြီးကို ပထမအကြိမ် သက္ကရာဇ် ၁၂၂၁ ခုနှစ်တွင် တစ်ကြိမ်၊ သက္ကရာဇ် ၁၂၃၂ခုနှစ်တွင် ဒုတိယအကြိမ် ပြန်လည်ပြုပြင်ခဲ့ပြီး ရှေးဟောင်းလွယ်ကောင်း(လေကောင်း) စေတီတော်တည်ထား ကိုယ်ကွယ်ခဲ့သည်မှာ နှစ်ပေါင်း (၁၀၀)ကျော် သက်တမ်းရှိကြောင်း စေတီတော်၏ မော်ကွန်းကျောက်စာမှ သိရသည်။


သတင်း - ခွန်အောင်


မြန်မာနေရှင်နယ်ပို့်စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)