ကျောက်ပန်းတောင်းမြို့နယ် လက်ပံအိုင့်ကျေးရွာဘုရားပွဲ ရိုးရာအစဉ်အလာမပျက် တံခွန်၊ ကုတ်ကား၊ ထီးတော်တို့ဖြင့် ယခုနှစ်တွင် ပြန်လည် လှည့်လည်ပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ် လက်ပံအိုင့်ကျေးရွာဘုရားပွဲ ရိုးရာအစဉ်အလာမပျက် တံခွန်၊ ကုတ်ကား၊ ထီးတော်တို့ဖြင့် ယခုနှစ်တွင် ပြန်လည် လှည့်လည်ပူဇော်



MNP - အောက်တိုဘာ ၉


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် လက်ပံအိုင့် ကျေးရွာ၊ လက်ကံအိုင့် ကျောင်းတိုက်ဝင်း တည်ထားကိုးကွယ်သည့် ဘုရားကြီးနှင့် ဘုရားပွဲတော်အား အောက်တိုဘာ ၉ ရက်၊ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာနေ့)တွင်ကျ ရောက်သည့် ဗုဒ္ဓပူဇနိယ ပွဲတော်အား ကိုဗစ်-၁၉ရောဂါကာလ သုံးနှစ်အတွင်း ဆွမ်းရေစက် ချရုံသာ အကျဉ်းချုံး ကျင်းပလာခဲ့ရာမှ ယခုနှစ်တွင် ရိုးရာမပျက် ပြန်လည်ကျင်းပခဲ့ကြောင်း လက်ပံအိုင့်ကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးပခန်းညိုထံက သိရသည်။


လက်ပံအိုင့်ကျေးရွာတွင် ဝါကျွတ်ပွဲတော်ဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့တွင် ကျရောက်သည့် လက်ပံအိုင့် ဘုရားပွဲ (ဗုဒ္ဓပူဇနိယပွဲတော်)ကို ရွာထဲရှိ သက်ကြီးဘိုးဘွားများ၊ ဆွေမျိုးဉာတိ သက်ကြီးသူများအား ကန်တော့ကြသည့် ပွဲတော်ဖြစ်ကာ၊ ဘုရားပွဲတော်ကိုလည်း ရိုးရာအစဉ်အလာမပျက် တံခွန်ပြုလုပ်ကာ ရွာထဲရှိ ကုမ္မာရီ လှပျိုဖြူများက တံခွန်၊ ကုတ်ကား၊ ကြက်ရှာ တိုင်ကိုင်ဆောင်ခြင်း၊ သက်ကြီး အမျိုးသမီးများက ကန်တော့ပွဲများရွက်ပြီး ဘိုးစဉ်ဘောင်ဆက် ကိုးကွယ်ခဲ့သည့် ဘုရားကြီးအား လှည့်လည် ပူဇော်ကာ ကပ်လှူပူဇော်ကြကြောင်း သိရသည်။ အရပ်အခေါ်တံခွန်သွန်းခြင်း ဖြစ်ပြီး ရှေ့ဆုံးမှ ကုမ္မာရီ အမျိုးသမီးနှစ်ဦးက နဂါးခေါင်းကိုင်ကြရပြီး နောက်မှ တံခွန်တိုင်၊ ကုတ်ကား၊ ကြက်ရှာတိုင်များ ကိုင်ဆောင်ပြီး တန်းစီကာ လှည့်လည်ပူဇော်ကြကြောင်း၊ နောက်ဆုံးမှ ကာလသား (လူပျိုးလေး)များက ဒိုးပတ်၊ ဝါးလက်ခုပ်၊ ရှပ်လင်ကွင်း၊ နှဲ၊ ပလွေတို့ဖြင့် အတီးအမှုတ်ဖြင့် လှည့်လည် ပူဇော်ကြကြောင်းလည်း သိရကာ ရိုးရာမပျက် တံခွန်သွန်းခြင်း ပြန်လည် ပူဇော်ခဲ့ကြောင်း ဦးပခန်းညိုက ရှင်းပြ၍ သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)