ဝိုင်းမော်မြို့နယ်၌ (၁၀) ကြိမ်မြောက် သက်ကြီးဖိုး/ဖွားများအား စုပေါင်းပူဇော်ကန်တော့ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝိုင်းမော်မြို့နယ်၌ (၁၀) ကြိမ်မြောက် သက်ကြီးဖိုး/ဖွားများအား စုပေါင်းပူဇော်ကန်တော့ပွဲ ကျင်းပ



MNP - အောက်တိုဘာ ၉


ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအုပ်စု၊ ခါ့ကွမ်ကျေးရွာရှိ လပြည့်ဝန်းလူမှုကူညီရေးအသင်းမှ ဦးဆောင်၍ (၁၀) ကြိမ်မြောက် သက်ကြီးအဖိုး/အဖွားများအား စုပေါင်း ပူဇော်ကန်တော့ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက လပြည့်ဝန်း လူမှုကူညီရေးအသင်း ဧရာဝတီ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ လပြည့်ဝန်းလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးစန်းနိုင်မှ ဗုဒ္ဓဘာသာဝင်များ၏ သီတင်းကျွတ်ကာလတွင် ရိုးရာမပျက် သက်ကြီးဖိုး/ဖွားများအား ဂါရဝပြုကန်တော့ခြင်းကို နှစ်စဉ်မပျက် ဆောင်ရွက်ခဲ့ရာ ယခုနှစ်တွင် (၁၀) ကြိမ်မြောက်အထိ ရောက်ရှိခဲ့ပြီဖြစ်ပါကြောင်းနှင့် သက်ကြီး ပူဇော်ကန်တော့ပွဲကို အဖက်ဖက်မှ ပူးပေါင်းကူညီဆောင်ရွက်ပေးသည့် လုပ်အားနှင့်ငွေအလှူရှင် များအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပြီး အသင်းဥက္ကဋ္ဌနှင့် တက်ရောက်လာသည့် စေတနာရှင်အလှူရှင်များက သက်ကြီး အဖိုး/အဖွား (၁၁) ဦးအား ပူဇော်ကန်တော့ခဲ့ကြသည်။


ထို့နောက် အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အဖိုးအဖွားများအား အသုံးအဆောင်၊ စားသောက်ဖွယ်ရာနှင့် ကန်တော့ငွေများအား ပေးအပ်လှူဒါန်းရာ အဖိုး/အဖွားများကိုယ်စား အဖွားဒေါ်ညွန့်ညွန့်ခိုင်မှ ဆုတောင်းမေတ္တာများပို့သခဲ့ပြီး အသင်းဥက္ကဋ္ဌမှ ကျေးဇူးတင်စကား ပြောကြားကာ (၁၀) ကြိမ်မြောက် သက်ကြီးအဖိုး/အဖွားများ ကန်တော့ပွဲတွင် ခါ့ကွမ်ကျေးရွာနေ အသက်(၇၀)အထက် အဖိုး(၅)ဦးနှင့် အဖွား(၆)ဦးအား အသင်းဥက္ကဋ္ဌနှင့် အလှူရှင်များက တစ်ဦးလျင် ငွေကျပ် (၅၀၀၀၀) တန်ဖိုး ပူဇော်ကန်တော့နိုင်ခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - ဖြူစင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)