မောင်တောမြို့နယ် မြို့ဦးရွာအနီး မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူအားဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့နယ် မြို့ဦးရွာအနီး မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူအားဖမ်းဆီးရမိ




MNP ၊  အောက်တိုဘာ  ၂၉

ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် မြို့ဦးရွာအနီး မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူအား အောက်တိုဘာ ၂၉ ရက်နေ့ နံနက် (၁၄:၀၀) မိနစ် အချိန် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ 

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည်  သတင်းအရ  မောင်တောမြို့နယ် ၊ ရွာသစ်ကေ ရပ်ကွက် အနီး၌  စောင့်ဆိုင်းနေစဉ်  လမ်းလျှောက်လာသူ ဘာလုတူရီ(ခ)ဂျာဘာကမ်း (၂၃)နှစ်(ဘ)နုရူဆာလမ် ၊မြို့မမြောက် ရပ် ကွက် ၊ မြို့ဦးရွာ နေထိုင်သူ အား တွေ့ရှိ၍  မသင်္ကာသဖြင့်  ၎င်း ဝတ်ဆင်ထားသော ပုဆိုးကြားအတွင်းမှ  အနက်ရောင် ပလက်စတစ် အပိုင်းအစဖြင့် ထုတ်လျှက် အပြာရောင်ကပ်ခွာအိတ်အတွင်း WY/R စာတမ်းပါ  လိမ္မော်ရောင် စိတ်ကြွရူး သွပ် ဆေးပြား (၁၈၀)ပြား ၊အလေးချိန်(၁၈)ဂရမ်ခန့်အား သိမ်းဆည်းရမိခဲ့သည်။

မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရှိသူ ဘာလုတူရီ(ခ)ဂျာဘာကမ်း (၂၃)နှစ်(ဘ)နုရူဆာလမ်၊ မြို့မမြောက် ရပ်ကွက် ၊ မြို့ဦးရွာ နေထိုင်သူ နှင့် ဆက်စပ် တရားခံ(ပြေး)တစ်ဦး စုစုပေါင်းနှစ်ဦးအား မောင်တောမြို့မရဲစခန်းတွင်  မယ(ပ) ၃၆/ ၂၀၂၂ ၊ မူး/စိတ်ပုဒ်မ ၁၉ (က)/၂၁ အရ အမှု ဖွင့် လှစ်ကာ အရေး ယူနိုင်ရေး  စီစဉ် လျှက်ရှိပြီး ဆက်စပ်တရားခံအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။


ဝေလ(မောင်တော)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)