ပူတာအိုမြို့၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပူတာအိုမြို့၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ



MNP - အောက်တိုဘာ   ၁၇


ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပူတာအိုတပ်နယ်မှ တာဝန်ရှိသူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ အသား၊ ငါး၊ ကြက်ဉနှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက် (၈)နာရီက ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့၌ ရောင်းချပေးလျက်ရှိသည်။


အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူတာအိုတပ်နယ်မှ တာဝန်ရှိသူများက ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများအား ဆန်တစ်ပြည်လျှင် ငွေကျပ် ၁၄၀၀ ကျပ်၊ ကြက်သား၊ ဝက်သား၊ အမဲသားတစ်ပိဿာလျှင်ငွေကျပ် ၉၀၀၀ ကျပ်၊ ငါးခူတစ်ပိဿာလျှင် ငွေကျပ် ၆၀၀၀ ကျပ်၊ သရက်သီးသေနတ် တစ်ဘူးလျှင် ၁၅၀၀ ကျပ်၊ မာရီဘီစကစ်တစ်ထုပ်လျှင် ငွေကျပ် ၂၅၀၀ ကျပ်၊ ကြက်ဉတစ်လုံးလျှင် ငွေကျပ် ၂၀၀ ကျပ်၊ကန်စွန်းရွက်တစ်စည်းလျှင် ၂၀၀ ကျပ်၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ငွေကျပ် ၂၀၀ ကျပ်၊ ပဲသီးတစ်စည်းလျှင် ၃၀၀ ကျပ်ဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး ယင်းအသား၊ ငါး၊ ကြက်ဉနှင့် ဟင်းသီးဟင်းရွက်များကို ပူတာအိုတပ်နယ်မှ တစ်လလျှင် နှစ်ကြိမ် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


သတင်း - ဖုန်ကန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)