မိုးနဲမြို့ ပြည်သူ့အားကစားကွင်း ကွင်းပတ်ကျောက်စီ၊ အုတ်စီရေတား မြေတားမြောင်း ဆောင်ရွက်မှုရာနှုန်းပြည့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့ ပြည်သူ့အားကစားကွင်း ကွင်းပတ်ကျောက်စီ၊ အုတ်စီရေတား မြေတားမြောင်း ဆောင်ရွက်မှုရာနှုန်းပြည့်ပြီးစီး




MNP - အောက်တိုဘာ  ၁၄


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် ပြည်သူ့အားကစားကွင်းအတွင်း တောင်ကျချောင်းရေများ ဝင်ရောက်မှုမရှိစေရေးအတွက် ကွင်းပတ် ကျောက်စီ၊ အုတ်စီရေတား မြေတားမြောင်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံ‌ငွေဖြင့်ဆောင်ရွက်ခဲ့ရာလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။


ကျောက်စီ၊ အုတ်စီရေတား မြေတားမြောင်းလုပ်ငန်းကို ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် ၅၉၄ သိန်းဖြင့် အရှည် ၅၅၀ ပေ၊ အမြင့် ၈ ပေ၊ အကျယ် ၆ ပေကို တင်ဒါအောင် Royal Minthiha ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ရေတား မြေတားမြောင်းဆောင်ရွက်ပြီးစီးမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်နန်းသန်းသန်းစိုးနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လုပ်ငန်းလိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရသည်။


သတင်း - မျိုးညွန့်ရွှေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)