အဘိဓမ္မာနေ့ (သီတင်းကျွတ်လပြည့်နေ့)တွင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ အံ့ဖွယ်ကိုးစုံ ရွှေစည်းခုံ စွယ်တော်စေတီတော်ကြီးတွင် ဆီမီး တစ်သောင်းတစ်ထောင် ကပ်လှူပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဘိဓမ္မာနေ့ (သီတင်းကျွတ်လပြည့်နေ့)တွင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ အံ့ဖွယ်ကိုးစုံ ရွှေစည်းခုံ စွယ်တော်စေတီတော်ကြီးတွင် ဆီမီး တစ်သောင်းတစ်ထောင် ကပ်လှူပူဇော်



MNP - အောက်တိုဘာ   ၁၀


၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ (အဘိဓမ္မာနေ့)၊ ယမန်နေ့ညနေ ၆ နာရီ ၃၀ မိနစ် အချိန်ကစတင်ပြီး ပုဂံ-ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုဇုန်ရှိ အံ့ဖွယ်ကိုးစုံ ရွှေစည်းခုံ စွယ်တော်စေတီတော်ကြီးတွင် ဆီမီး တစ်သောင်းတစ်ထောင် ကပ်လှူပူဇော်ခဲ့ကြကြောင်း ရွှေစည်းခုံ ဂေါပကအဖွဲ့၊ရုံးအဖွဲ့မှူး ဦးသန်းမြင့်ဦးထံက သိရသည်။


ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ အံ့ဖွယ်ကိုးစုံ ရွှေစည်းခုံ စွယ်တော်စေတီ ဘုရားကြီးတွင် အခါကြီး ရက်ကြီးများတွင် မြန်မာပြည် အရပ်ရပ်မှ ဆီမီးပူဇော် လာရောက် လေ့ရှိရာ နှစ်စဉ်နှစ်တိုင်း ရိုးရာမပျက် ဆီမီးပူဇော် ကြကြောင်း၊ ရွှေစည်းခုံ ဂေါပကအဖွဲ့က ဆီမီးငါးထောင် မတည်ပူဇော် လှူဒါန်းခဲ့ရာ အနယ်နယ် အရပ်ရပ် ဘုရားဖူးလာ ပြည်သူများမှ မြတ်စွာဘုရားရှင်နှင့် သာသနာကို စောင့်ရှောက်တော် မူကြသော ရဟန်း/သံဃာများ၊ ရွှေစည်းခုံ စွယ်တော်စေတီ ဘုရားကြီးအား ဆီမီးခြောက်ထောင် လှူဒါန်းကြရာ ဆီမီးပူဇော် လှူဒါန်းမှု တစ်သောင်း တစ်ထောင်ရှိကြောင်း ရွှေစည်းခုံ စွယ်တော်ဘုရား ဂေါပကအဖွဲ့၊ ရုံးအဖွဲ့မှူး ဦးသန်းမြင့်ဦးထံက သိရသည်။


သီတင်းကျွတ် လပြည့်နေ့၊ ရွှေစည်းခုံ စွယ်တော်စေတီ ဆီမီး တစ်သောင်းတစ်ထောင် ကပ်လှူ ပူဇော်ခြင်းနှင့်အတူ မြန်မာပြည် အရပ်ရပ် ဘုရားဖူးလာ မိဘပြည်သူများက အလိုတော်ပြည့် ဘုရား၊ ဓမ္မရံကြီးဘုရား၊ လောကနန္ဒာ စွယ်တော်မြတ်စေတီ၊ သဗ္ဗညုဘုရား၊ အာနန္ဒာဘုရား၊ ရွှေဂူကြီးဘုရား၊ အင်းကြင်းဂူဘုရား၊ ဗူးဘုရား၊ ရွှေဆံတော်ဘုရား၊ ရှင်အဇ္ဇဂေါဏဘုရား၊ စူဠာမဏိ ဘုရား၊ ရွာဟောင်းကြီးဘုရား၊ နဂါးရုံဘုရား၊ အပါယ်ရတနာ ဘုရား၊ စိုးမင်းကြီးဘုရား၊ ဆင်များရှင်ဘုရားနှင့် ဓမ္မရာဇကဘုရား၊ ထီးလိုမင်းလိုဘုရား တို့တွင် ဆီမီးပူဇော်ခဲ့ကြောင်း သိရသည်။ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့ ယနေ့တွင်လည်း ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ ဘုရားများကို ဆက်လက် ဆီမီးပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)