ဘိုကလေးမြို့နယ် စက်ဆန်းကျေးရွာ၌ အရန်မီးသတ်တပ်ဖွဲဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘိုကလေးမြို့နယ် စက်ဆန်းကျေးရွာ၌ အရန်မီးသတ်တပ်ဖွဲဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း ဖွင့်လှစ်

 



MNP - အောက်တိုဘာ   ၄


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာအုပ်စုရှိ စက်ဆန်းနယ် မြေမီးသတ်စခန်းတွင် ဒေသတွင်းရှိ ပြည်သူများ၏ မီးဘေးအန္တရာယ် တားဆီးကာကွယ်နိုင်ရေး၊ သဘာဝဘေးများကျရောက်လာပါက အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်နိုင်ရေး၊ ပြည်သူများ၏အကျိုးကို လက်တွဲညီစွာဖြင့် ကူညီဆောင်ရွက်နိုင်စေရေးတို့ကို ရည်ရွယ်ကာ ယမန်နေ့ နံနက်(၁၀)နာရီ၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်လှစ်သည်။


အဆိုပါသင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် စက်ဆန်းနယ်မြေမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများ၊ စက်ဆန်းကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးနှင့် သင်တန်းသားများ တက်ရောက်ကြပြီး သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးကံဝင်းမှ ရပ်ရွာအခြေပြု မီးဘေးတားဆီးကာကွယ်ရေးလုပ်ငန်းများ၊ သဘာဝဘေးကျရောက်မှုနှင့် ပတ်သတ်၍ ကူညီကယ်ဆယ် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လက်တွဲညီစွာ ဆောင်ရွက်ကြရန်၊ ပြည်သူများ၏ အကျိုးစီးပွားကိုရှေးရှု၍ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ လှုပ်ရှားဆောင်ရွက်ကြရန် အမှာစကားပြောကြားသည်။


ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းအောင်မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ၊ စက်ဆန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကြည်ဝင်းမှ မိမိ၏ ရပ်ရွာအတွင်း မီးဘေးတားဆီးကာကွယ်နိုင်ရေးနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် ယခုသင်တန်းအား ဖွင့်လှစ်ပေးသည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး သင်တန်းအား အောက်တိုဘာ(၃)ရက်နေ့မှ (၂၈)ရက်နေ့အထိ (၂၅)ရက်တိုင်တိုင် သန္ဓေမီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများမှ ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း၊ သင်တန်းသို့ စက်ဆန်းနယ်မြေမှ အရန်မီးသတ် သင်တန်းသား (၅၀)ဦး တက်ရောက်ကြကြောင်း သိရသည်။


သတင်း - မိုးစက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)