မိုးညှင်းမြို့နယ်၌ မြေပဲဆီသန့်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းမြို့နယ်၌ မြေပဲဆီသန့်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

 


MNP - အောက်တိုဘာ   ၇


ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် သမဝါယမဦးစီးဌာနမှ မြေပဲဆီသန့်များ ဈေးနှုန်းသက်သာစွာဖြင့် ယနေ့ နံနက်ပိုင်းက ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ ရောင်းချပေးရာတွင် မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ပြည်နယ်သမဝါယမဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် သမဝါယမအသင်းသား၊ အသင်းသူများ ငွေကြေးခက်ခဲနေချိန်တွင် ဆီစားသုံးသူများ ကျန်းမာရေးနှင့်အညီ စားသုံးနိုင်ရန် ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ရည်ရွယ်ပြီး ညောင်ဦးမြို့မှ ထုတ်လုပ်သည့် မြေပဲဆီသန့်အား ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယနှင့် သက်ဆိုင်သော မိသားစုများကို ဈေးနှုန်းသက်သာ စွာဖြင့် ရောင်းချပေးလျက်ရှိသည်။


ထိုသို့‌ ရောင်းချပေးရာ၌ မြေပဲဆီငါးဆယ်ကျပ်သား တစ်ဗူးလျှင် ငွေကျပ် ၇၀၀၀ နှုန်းဖြင့်လည်း ကောင်း၊ တစ်ပိဿာ တစ်ဘူးလျှင် ငွေကျပ် ၁၄၀၀၀ နှုန်းဖြင့်လည်းကောင်း ဒေသပေါက်ဈေးနှုန်းထက် သက်သာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာနမှ မြေပဲဆီအပြင် စာသောက်ကုန်များဖြစ်သည့် သား၊ ငါးများကိုလည်း အခါအားလျော်စွာ ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သမဝါယမ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်မိုးလွင်ထံမှ သိရသည်။


သတင်း - ဇွဲသူရအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)