ရခိုင်ပြည်နယ် ၊ စစ်တွေမြို့၌ ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ပဋ္ဌာန်းအောင်ပွဲသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် ၊ စစ်တွေမြို့၌ ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ပဋ္ဌာန်းအောင်ပွဲသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး တက်ရောက်

 



MNP - အောက်တိုဘာ   ၁၅


ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ လောကနန္ဒာစေတီတော် လှိုဏ်ဂူအတွင်း၌ ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ပဌာန်းအောင်ပွဲကျင်းပပြုလုပ်ရာ  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ညွန်မှူးများ၊ တပ်မတော် အရာရှိများ ၊ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 


ရှေးဦးစွာ  နမောတဿ သုံးကြိမ်ရွက်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပြီး ပြည်နယ် ဩဝါဒစရိယ၊ စစ်တွေမြို့၊ နန္ဒာရာမ ကျောင်းတိုက်  ပဓာနနာယက ဆရာတော်  အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်ထံမှ  အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများ၊ တပ်မတော်အရာရှိများ၊ ဌာနဆိုင်ရာများက ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များက မေတ္တသုတ်ပရိတ် တရားတော်များချီးမြှင့်ပေးခဲ့ကြသည်။ ထို့ နောက် မြို့နယ်သံဃနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဒက္ခိဏရာမ ကျောင်းတိုက်ပဓာနနာယက ဘဒ္ဒန္တမေဃိယ မဟာဂန္တဝါစက ပဏ္ဍိတ ဆရာတော်ထံမှ  အနုမောဒနာဂါထာ ရွတ်ဖတ်ပူဇော်ခဲ့ပြီး အနောက်ပိုင်း တိုင်းစစ် ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးများ၊ တပ်မတော်အရာရှိများနှင့် တာဝန်ရှိသူများက သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ် ဝတ္တူများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍  ပြည်နယ် ဩဝါဒစရိယ စစ်တွေ့မြို့၊ ဓမ္မသုခကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ ဘဒ္ဒန္တသောမ မဟာထေရ်မြတ်ထံမှ အနောက်ပိုင်း တိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊  ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ တပ်မ တော်အရာရှိများနှင့် တာဝန်ရှိသူများက အနုမောဒနာ တရားနာယူပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ယင်းနောက် လောကနန္ဒာ စေတီတော် ဂေါပက ဥက္ကဋ္ဌ  ဦးမောင် သိန်းခိုင်က ပဌာန်းတရားတော်များနာယူရန် ပင့်ဖိတ်ထားသော နတ်ဗြဟ္မာများ ပြန်လည်ပို့ဆောင်ကာ အခမ်းအနားကို ဗုဒ္ဓသာ သနံစိရံတိဋ္ဌတု သုံးကြိမ်ရွက်ဆို ဆုတောင်း၍ အခမ်းအနားအား ရုတ်သိမ်းပြီး ဆရာတော်၊ သံဃာတော်ကြီးများအား တာဝန်ရှိသူများက နေ့ဆွမ်းဆက် ကပ်လှူဒါန်းခဲ့ကြသည်။ အဆိုပါ ပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို  အောက်တိုဘာ ၁၀ ရက်နေ့မှ ၁၅ ရက် နေ့ထိ (၅)ရက်တိုင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


သတင်း - သက်လွင်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)