အဘိဓမ္မာအခါတော်နေ့တွင် အမရပူရမြို့၌ ဝါဆိုသံဃာတော်အပါး ၁၀၀၀ အားဆွမ်း၊ ဆွမ်းဟင်း ၊နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများအား ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းကပ်လှူပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဘိဓမ္မာအခါတော်နေ့တွင် အမရပူရမြို့၌ ဝါဆိုသံဃာတော်အပါး ၁၀၀၀ အားဆွမ်း၊ ဆွမ်းဟင်း ၊နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများအား ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းကပ်လှူပွဲကျင်းပ

 


MNP - အောက်တိုဘာ   ၉


မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့တွင် ဝါဆိုခဲ့ကြသော ဝါဆိုသံဃာအပါး ၁၀၀၀ တို့အားဌာနဆိုင်ရာ ဝန်ထမ်းများက စုပေါင်းပြီးဆွမ်း၊ ဆွမ်းဟင်းနဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီခွဲ အချိန်ကကန်ပတ်လမ်းလမ်းမပေါ်၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါစုပေါင်းလောင်းလှူပွဲကို အမရပူရခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ဦးဆောင်ပြီး၊ အမရပူရမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးအောင်ထွန်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာရှင်များက ဝိုင်းဝန်းလောင်လှူခဲ့ကြောင်း သိရသည်။


အဆိုပါစုပေါင်းလောင်းလှူပွဲကြီး အထမြောက်စေရန်အတွက် အမရပူရခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်သောဌာနဆိုင်ရာ ဝန်ထမ်းများက အမရပူရမြို့ သရက်တောကျောင်းတိုက်တွင် သံဃာနာယကဥက္ကဋ္ဌ ဆရာတော်နှင့် ပင့်သံဃာဆရာတော်ကြီးများအား သင်္ကန်း၊ ဝတ္ထုငွေနှင့်လှူဖွယ်ပစ္စည်းများ ကပ်လှူပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှဝေလှူဒါန်းခဲ့ကြောင်း သိရသည်။


သတင်း - စိုးသီဟ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)