ပေါင်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ၊ မဲရုံအရေအတွက်နှင့် မဲရုံတည်နေရာများ လျာထားသတ်မှတ်ခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ၊ မဲရုံအရေအတွက်နှင့် မဲရုံတည်နေရာများ လျာထားသတ်မှတ်ခြင်းများဆောင်ရွက်






MNP ၊ အောက်တိုဘာ ၁၃

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ၊မဲရုံအရေအတွက်နှင့် မဲရုံတည်နေရာများ လျာထားသတ်မှတ်ခြင်းများဆောင်ရွက်ခြင်းကိုယနေ့ နေ့လယ်တစ်နာရီက ဝါရီရူခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မွန်ပြည်နယ်တာဝန်ခံ ဦးသန်းဝင်း က မဲရုံသုံးပစ္စည်းလိုအပ်မှုများ၊တွက်ချက်စစ်ဆေးအတည်ပြုခြင်းများစသည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကိုအမှာစကားပြောကြားသည်။


မွန်ပြည်နယ်တာဝန်ခံ ဒေါ်နုမြဇံ က ရွေးကောက်ပွဲတွင် အခုတည်းက တက်တက်ကြွကြွဆောင်ရွက်ပေးကြလို့ကျေးဇူးတင်ရှိပါကြောင်း၊ယခုလာမည့်ရွေးကောက်ပွဲတွေမှာ ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းဆောင်ရွက်ကြလို့ တရားမျှတသော ရွေးကောက်ပွဲဖြစ်လာမှာဖြစ်ကြောင်းဆွေးနွေးသည်။


ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးက မဲစာရင်းများမှန်ကန်ရေး၊လူဦးရေစာရင်းများ မှန်ကန်ရေးစနစ်တကျဆောင်ရွက်သွားကြရန်တင်ပြဆွေးနွေးသည်။


မြို့နယ်လဝကမှူး ဦးသန်းဝင်းဇော် က မိမိတို့ဌာနအနေဖြင့် မဲစာရင်းမှန်ကန်စေရေးအတွက် လူဦးရေစာရင်းများကို စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြဆွေး‌နွေးသည်။


မြို့နယ်ရွေးကောက်ပွဲအဖွဲ့ခွဲရုံးမှ ဒုတိယဦးစီးမှူးက လျာထားမဲဆန္ဒရှင်စာရင်းများ၊ လျာထားမဲရုံသတ်မှတ်ခြင်း၊ မဲရုံတည်နေရာနှင့် မဲရုံသုံးပစ္စည်း၊မဲလက်မှတ် လျာထားစာရင်းများနှင့် ပတ်သတ်၍ ဆွေးနွေးတင်ပြခဲ့သည်။


အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ခရိုင်ရွေးကောက်ပွဲအဖွဲ့ဝင်များ၊တပ်နယ်မှူးများ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှုးများ စုစုပေါင်းအင်အား (၇၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)