လမ်းပန်းဆက်သွယ်သွားလာရေးအတွက် အကျိုးပြုမည့် ကျေးရွာကုန်ထုတ်လမ်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လမ်းပန်းဆက်သွယ်သွားလာရေးအတွက် အကျိုးပြုမည့် ကျေးရွာကုန်ထုတ်လမ်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး



MNP - အောက်တိုဘာ   ၁၃


ပြည်မြို့နယ်၊ လက်ပံတောကျေးရွာ၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်သန်းပေါင်း(၇၅.၄၄၅)သန်းဖြင့်ဆောင်ရွက်သည့် ကျေးရွာတောင်သူများ၏ စိုက်ပျိုးမြေဧက ၁၂၀၀ ကျော်နှင့် လမ်းပန်းဆက်သွယ်သွားလာရေးအတွက် အကျိုးပြုမည့် ကျေးရွာကုန်ထုတ်လမ်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။


အဆိုပါလက်ပံတောကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်ရာတွင် လမ်းအရှည်ပေ ၆၀၀၀၊ အကျယ် ၁၄ ပေနှင့် အမြင့် ၂ ပေထုရှိ မြေသားလမ်းဆောင်ရွက်ခြင်းနှင့် ယင်းမြေသားလမ်းပေါ်တွင် အရှည်ပေ ၆၀၀၀၊ အကျယ် ၁၂ ပေနှင့် ၉ လက်မထုရှိ မြေနီထပ်ပိုးလွှာခင်းဆောင်ရွက်ခြင်းတို့ကို ထူးခန့်အောင်ကုမ္ပဏီက တင်ဒါစနစ်ဖြင့် ယခုနှစ်ဇွန်လ ၁၃ ရက်နေ့တွင် စတင်‌ဆောင်ရွက်ခဲ့ပြီး အောက်တိုဘာ ၅ ရက်နေ့တွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ကြောင်းသိရသည်။


လက်ပံတောကျေးရွာကုန်ထုတ်လမ်းသည် လက်ပံတောကျေးရွာနှင့် ကြို့ကုန်း၊ ငှက်ပစ်တောင်၊ ဆင်မကုန်း၊ နွယ်ကျော်အစရှိသော ဒေသတွင်းကျေးရွာ‌များရှိ တောင်သူများ၏ စိုက်ပျိုးမြေဧက ၁၂၀၀ ကျော်အတွက် စိုက်ပျိုးရေးသွင်းအားစုများအပါအဝင် ကျေးလက်ထုတ်ကုန်စိုက်ပျိုးသီးနှံများ သယ်ယူပို့ဆောင်‌‌ရေးနှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်အဆင်ပြေချောမွေ့‌စေရေး အကျိုးပြုမည်ဖြစ်ကာ ကျေးရွာပြည်သူတို့၏ လမ်းပန်းဆက်သွယ်သွားလာရေးအတွက်လည်း အကျိုးပြုမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


သတင်း - ကိုဆက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)