MNP - အောက်တိုဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် သီတင်းကျွတ်လပြည့်၊ အဘိဓမ္မာနေ့၊ မဟာပဝါရဏာ အခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီက ကျွန်းလှမြို့၊ မြို့မရုံးဦးကျောင်းတိုက်၊ လေးကျွန်းမာရ်အောင် ဗုဒ္ဓဝိဟာရ ဗိမာန်တော်၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ကျွန်းလှမြို့ ဗုဒ္ဓတက္ကသိုလ် စာချ၊ စာသင်သံဃာတော်များနှင့် မြို့ပေါ်ကျောင်းတိုက်အသီးသီး၌ ဝါဆို၊ဝါကပ်ကြသော သံဃာတော် ၂၄ ပါးတို့က သိမ်အတွင်း သိက္ခာတော်၊ ဝါတော်အကြီးဆုံးဖြစ်သော ဆရာတော်ကြီးထံ ပဝါရဏာပြုကြသည်။
ထို့နောက် ဆရာတော်သံဃာတော်များအား ဒါယကာ၊ ဒါယိကာမများ၊ ရပ်ကွက်နေပြည်သူများ၊ ရပ်ဝေး ရပ်နီး အလှူရှင်များက ဝတ္ထုငွေ အစရှိသော လှူဖွယ်ပစ္စည်းများ လောင်းလှူကြကြောင်း သိရသည်။
သတင်း - မျိုးဝင်းညို
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment