ဇီးကုန်းမြို့နယ်တွင် ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇီးကုန်းမြို့နယ်တွင် ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်



MNP - အောက်တိုဘာ   ၁၄


ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ဒေသခံပြည်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ကျေးလက်ဒေသများသို့ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ရွာဝိုင်းကြီးကျေးရွာအုပ်စု ရွှေဖလားကျေးရွာ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။


အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေးနှင့်စည်းရုံးရေးစစ်ကြောင်းတို့၏ လုပ်ငန်းများနှင့်ပတ်သက်၍ အမှာစကားပြေားကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးအာကာဖြိုးနှင့် ရဲမှူးမြင့်ကျော်တို့မှ နယ်မြေလုံခြုံရေးနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။


ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုတိုးတက်ရေးတို့အတွက်ဆွေးနွေးခဲ့ကြပြီး မြို့နယ်အတွင်း စားသုံးဆီဖူလုံပိုလျှံရေးအတွက် ဆီထွက်သီးနှံများအနက်မှ နေကြာသီးနှံအား သီးထပ်သီးညှပ်တိုးချဲ့စိုက်ပျိုးရန်၊ လိုအပ်သောမျိုးကောင်းမျိုးသန့်များ ရရှိနိုင်ရေးနှင့် စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ သွင်းအားစုများရရှိရေးနှင့် အထွက်နှုန်းတိုးစေရေးတို့အတွက် နေကြာသီးသန့်စိုက်တောင်သူများအား လိုအပ်သောနေကြာမျိုးစေ့နှင့်စိုက်ပျိုးရေးနည်းပညာများ၊ သွင်းအားစုများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - တင့်ဆွေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)