ပင်လောင်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်များနှင့် နှစ်နှစ်အောက်ကလေးသူငယ်များအား ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လောင်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်များနှင့် နှစ်နှစ်အောက်ကလေးသူငယ်များအား ထောက်ပံ့ငွေများပေးအပ်



MNP - အောက်တိုဘာ   ၁၂


ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင်  လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ် ပထမသုံးလပတ် ဧပြီ၊ မေ၊ ဇွန်လအတွက် အကျုံးဝင်သည့်  ကိုယ်ဝန်ဆောင်များနှင့် နှစ်နှစ်အောက် ကလေးသူငယ်များ အား ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်းဦးစီးဌာနတွင် ထောက်ပံ့ငွေ ဆက်လက်ပေးအပ်ခဲ့ကြောင်း သိရသည်။


ထောက်ပံ့ငွေများပေးအပ်ရာတွင် နှစ်နှစ်အောက်ကလေးငယ်များနှင့် လေးလအထက် ကိုယ်ဝန်ဆောင်များအား တစ်လလျှင် ငွေကျပ် တစ်သောင်းငါးထောင်နှုန်းဖြင့် သုံးလလျှင်တစ်ကြိမ် စုစုပေါင်း ငွေကျပ်လေးသောင်းငါးထောင်၊ ကိုယ်ဝန်ဆောင် စာရင်းပေးသွင်းချိန် သုံးလအကျုံးဝင်ပါက နှစ်လစာ ငွေကျပ်သုံးသောင်း၊ ကိုယ်ဝန်ဆောင်စာရင်းပေးသွင်းချိန် နှစ်လအကျုံးဝင်ပါက တစ်လစာ ငွေကျပ် တစ်သောင်းငါးထောင်ဖြင့် ထောက်ပံ့ပေးခဲ့သည်။ ထိုသို့ထောက်ပံ့ငွေများ ပေးအပ်နိုင်ရေးအတွက် ပင်လောင်းမြို့နယ်တွင် ပင်လောင်းမြို့ပေါ် (၁၀) ရပ်ကွက်၊ နောင်တရားမြို့တွင်  (၃)ရပ်ကွက်၊ ပေါင်းလောင်းမြို့တွင်  (၆)ရပ်ကွက် စုစုပေါင်း ရပ်ကွက် (၁၉)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၅) အုပ်စုအတွင်း စာရင်းကောက်ယူမှုအရ ကိုယ်ဝန်ဆောင်မိခင် (၁၃၉၀)ဦး၊ နှစ်နှစ်အောက်ကလေးငယ် (၅၂၄၁) ဦးရှိပြီး၊  ကိုယ်ဝန်ဆောင်မိခင် (၁၂၉၇)ဦး၊ နှစ်နှစ်အောက်ကလေးငယ် (၄၈၅၄) ဦးကို   စုစုပေါင်းထောက်ပံ့ငွေကျပ် (၂၀၈,၈၀၀,၀၀၀)သိန်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာအုပ်စုများမှ နှစ်နှစ်အောက်ကလေးငယ်များနှင့် လေးလအထက် ကိုယ်ဝန်ဆောင်များအား သတ်မှတ်ထားသည့် နေ့ရက်များအလိုက် ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။


သတင်း - ခွန်အာကာစိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)