အင်းစိန် အကျဉ်းထောင်ရှေ့ ပေါက်ကွဲမှုတွင် (၈)ဦး သေဆုံးခဲ့ကြောင်း အတည်ပြုထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်းစိန် အကျဉ်းထောင်ရှေ့ ပေါက်ကွဲမှုတွင် (၈)ဦး သေဆုံးခဲ့ကြောင်း အတည်ပြုထုတ်ပြန်




MNP ၊ အောက်တိုဘာ ၁၉

ယနေ့နံနက်ပိုင်းက အင်းစိန်အကျဉ်းထောင် ပါဆယ်လက်ခံဌာနတွင် အကြမ်းဖက်သမားများက ပါဆယ်ထုပ်များအတွင်း မိုင်းများထည့်သွင်းဖောက်ခွဲခဲ့မှုကြောင့် အကျဉ်းဦးစီး ဝန်ထမ်း(၃)ဦး နှင့် အရပ်သားပြည်သူ (၅)ဦး စုစုပေါင်း(၈)ဦး သေဆုံးခဲ့ရကြောင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့က အတည်ပြုထုတ်ပြန်ထားသည်။

အခင်းဖြစ်နေရာတွင် တာဝန်ကျဆောင်ရွက်နေသော အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း ကျော်ဇင်ဦး၊ ချစ်မိုးဝေနှင့် ပိုးအိစံ တို့ သေဆုံးခဲ့ရပြီး ပါဆယ်ထုပ် လာရောက်ပေးပို့သည့် အရပ်သားပြည်သူများထဲမှ ဒေါ်သင်းသင်းချို၊ မယွန်းမီမီကျော်၊ ဒေါ်သိန်းကြွယ် နှင့် စိစစ်ဆဲ အမျိုးသမီး (၂)ဦး သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ အကျဉ်းစီးဦး ဝန်ထမ်းများအပါအဝင် ပါဆယ်ထုပ်လာရောက် ပေးပို့သည့် အရပ်သားပြည်သူ (၁၈) ဦးအထိ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အင်းစိန်မြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေးရှာဖွေရာ အခင်းဖြစ်နေရာမှ ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ပိုးထားသည့် မပေါက်ကွဲသေးသည့် မိုင်းတစ်လုံးကို ထပ်မံတွေ့ရှိ သိမ်းဆည်းရမိသဖြင့် သက်မဲ့ပြုလုပ် ရှင်းလင်းခဲ့ရကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)