ဘောလုံးအားကစားနည်းဖြင့် ကရင်ပြည်နယ်၏ဂုဏ်ကို မြှင့်တင်ပေးနိုင်သူများဖြစ်အောင် ကြိုးစားကြစေလို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘောလုံးအားကစားနည်းဖြင့် ကရင်ပြည်နယ်၏ဂုဏ်ကို မြှင့်တင်ပေးနိုင်သူများဖြစ်အောင် ကြိုးစားကြစေလို



MNP - အောက်တိုဘာ   ၁၂


တည်ငြိမ်အေးချမ်း၍ ဖွံဖြိုးတိုးတက်လာသည်နှင့်အမျှ ကရင်ပြည်နယ်အတွင်း နေရာဒေသအသီးသီးတွင် ဘောလုံးပြိုင်ပွဲများကို ကျင်းပနိုင်ခဲ့ပြီး ဘောလုံးအားကစားနည်းဖြင့် ကရင်ပြည်နယ်၏ ဂုဏ်ကိုမြှင့်တင်ပေးနိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) တွင် ကရင်ပြည်နယ်လက်ရွေးစင် အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးအသင်းအား လက်ခံတွေ့ဆုံရာ၌ ပြောကြားသည်။


ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က သက်တမ်းအလိုက် ကရင်ပြည်နယ်ဘောလုံး အသင်းများအနေဖြင့် အောင်မြင်မှုအစဉ်အလာကောင်းများရှိခဲ့ပြီး ယခုအသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးအသင်းအနေဖြင့်လည်း မိမိတို့၏အမြင့်မားဆုံးသော စွမ်းဆောင်ရည်ကိုပြသ၍ ပြည်နယ်၏ဂုဏ်ကို မြှင့်တင်ဆောင်ကြဉ်းပေးကြစေလိုကြောင်း၊ အောင်မြင်မှုအဆင့်အလိုက် ထိုက်တန်သော အားပေးချီးမြှင့်ထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး တာဝန်ရှိသူများ မှလည်း ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ဆက်လက်ပြောကြားသည်။


အဆိုပါဘောလုံးအသင်းသည် အောက်တိုဘာလ ၂၀ ရက်နေ့မှ နိုဝင်ဘာလ ၃ ရက်နေ့ထိ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ် လက်ရွေးစင် ဘောလုံးအသင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ငွေကျပ် ၁၀ သိန်း၊ ပြည်နယ်ဘောလုံး ဆပ်ကော်မတီနှင့် အောင်နိုင်ရေးကော်မတီတို့မှ ငွေကျပ် ၂၂ သိန်း စုစုပေါင်းငွေကျပ် ၃၂ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဘောလုံးအားကစားသမားများအား ရင်းရင်း နှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့သည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)