ဒဂုံမြောက်(၄၅)ရပ်ကွက်၌ အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ကြက်ဥများ ဒုတိယအကြိမ် ဆက်လက်ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြောက်(၄၅)ရပ်ကွက်၌ အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ကြက်ဥများ ဒုတိယအကြိမ် ဆက်လက်ရောင်းချ

 


MNP - အောက်တိုဘာ   ၁၇


ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်အတွင်းပြည်သူများ အတွက်အခြေခံစားသောက် ပစ္စည်းများကို ၎င်းရပ်ကွက်နေပြည်သူများ  ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန်ရည်ရွယ်၍ မြေတိုင်းလမ်းနှင့် နေကြာလမ်းထောင့်ရှိ (၄၅)ရပ်ကွက် ကရုဏာနာရေးကူညီမှုအသင်းရုံး‌ရှေ့တွင်  ယနေ့ နံနက်(၈)နာရီက ဒုတိယအကြိမ် ဆက်လက်ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။ 


ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ရောင်းချမှုများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စီစဉ်မှုဖြင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေး အထောက်အကူပြုအဖွဲ့များ၊ ပူးပေါင်း၍ ဒေသခံပြည်သူများ မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင်းရှိ ရပ်ကွက်(၂၇)ခုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်‌နေပြည်သူများ အဆင်ပြေစွာဝယ်ယူနိုင်ရန် ဒုတိယအကြိမ်အလှည့်ကျ ရောင်းချပေးခြင်းဖြစ်ကြောင်း သတင်းရသည်။


သတင်း - မြင့်မြင့်ရီ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)