(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်



MNP - အောက်တိုဘာ   ၁


၂၀၂၂ ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် ပွဲတော်ကျင်းပရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။


အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်နေ့အခမ်းအနား၊ မုခ်ဦးဖွင့်ပွဲ၊ ပြခန်း၊ ပြပွဲ၊ ပြိုင်ပွဲများအပြင် ကရင်ရိုးရာဒုံးအကပြိုင်ပွဲ(ဖျော်ဖြေပွဲ)၊ ရိုးရာလက်ဝှေ့ပွဲ၊ အားကစားပွဲ၊ ပျော်ပွဲရွှင်ပွဲများဖြင့် နိုဝင်ဘာလ ၇ ရက်နေ့မှ ၁၀ ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့်အချိန် အကန့်အသတ်အတိုင်း နေ့/ည ကျင်းပသွားမည်ဖြစ်ပြီး ကဏ္ဍပေါင်းစုံတွင် အဖက်ဖက်မှပြည့်စုံအောင် ဆောင်ရွက်ကြဖို့ လိုကြောင်း၊ ဖွဲ့စည်းထားသည့် အထောက်အကူပြု လုပ်ငန်းကော်မတီ(၁၄)ခုမှလည်း ကဏ္ဍအလိုက် ဆွေးနွေးတင်ပြ ပေးကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ကရင်ပြည်နယ်နေ့ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီနှင့် အထောက်အကူပြု လုပ်ငန်းကော်မတီ ၁၄ ခုတို့မှ အတွင်းရေးမှူးများက  ကရင်ပြည်နယ်နေ့ အခမ်းအနားနှင့် ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေး သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဖြည့်စွက်ဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)