မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၂-ခုနှစ်ကမ္ဘာ့ ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၂-ခုနှစ်ကမ္ဘာ့ ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်







MNP ၊ အောက်တိုဘာ ၆

မြန်မာ့ယဉ်ကျေးမှုအစဉ်အလာအရ အနန္ဒကိုင်းဝင် ကျေးဇူးရှင်မြတ်ဆရာအပေါ် အစဉ်လေးစား တန်ဖိုးထားတက်စေရန်၊ အာစရိယများနှင့် ဥပဇ္ဈယဆရာ အရည်အသွေးများ ပြည့်ဝသည့် မြတ်ဆရာများ ပေါ်ထွန်းလာစေရန်အတွက် ကမ္ဘာဆရာများနေ့ အခမ်းအနားကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ပြန့်စွာ ကျင်းပ၍ ဆရာများ၏ ဂုဏ်ကျေးဇူးကို ဖော်ထုတ်ဂုဏ်ပြုလျက် မြန်မာနိုင်ငံတွင် ၂၀၀၂ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ပြီး၊ ၂၀၂၂-ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးအားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ပညာရေးမှူးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံ‌တော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က ဖတ်ကြားခဲ့ပြီး ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့ (၅)ဖွဲ့၏ ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို  မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးသက်လေးဦးက ဖတ်ကြားခဲ့သည်။


ဆက်လက်၍ ၂၀၂၂-ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ၊ ရှင်မဟာရဌသာရ၏ “လက်သစ်တောင်တာ ဆုံးမစာ” စကားပြေပြန်ဆိုပြိုင်ပွဲများတွင် ဆုရရှိခဲ့သူများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ဆုများအသီးသီးချီးမြှင့်ပေးအပ်ကာ၊ ဆရာ/မ များက မြတ်ဆရာသီချင်းဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ကြပြီး၊ ဧည့်ခံသီဆို ကပြခဲ့ကြသည့် ဆရာ/ဆရာမများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးပညာရေးမှူးတို့က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


မောင်ညီညာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)