MNP ၊ အောက်တိုဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ရွက်ကြမ်းအုပ်စုအတွင်းရှိ ကျေးရွာများတွင် ဒေသတည်ငြိမ်ရေး၊ ရပ်ရွာကာကွယ်ရေးအတွက် ပြည်သူ့စစ်အရှိန်အဟုန်မြှင့်တင်နိုင်ရေး ဆရာတော် ဦးဝါသဝ ဦးဆောင်သော အဖွဲ့က ရွာသူ/ရွာသားများနှင့် သွားရောက်တွေ့ဆုံ ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းက မှော်တော်ဆရာတော်၊ တောက်ကရှပ်ဆရာတော်တို့ ဦးဆောင်၍ ကန့်ဘလူမြို့နယ် ရွက်ကြမ်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ပြည်သူ့စစ်အရှိန်အဟုန်တိုးမြှင့်ပြီး မိမိရပ်ရွာကို ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းကာကွယ်ကြရန်၊ အကြမ်းဖက်ဘေးအန္တရာယ် မကျရောက်စေရေးအတွက် လက်တွဲဆောင်ရွက်ကြရန်နှင့် မိမိတို့၏ ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ကြရန် ဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိမြို့နယ်များတွင် KIA, PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့များက ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ခံခြင်းမရှိသော ပြည်သူများအား ဒလန်၊ ပျူစောထီး စွပ်စွဲကာ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိရာ ကန့်ဘလူ၊ တန့်ဆည်၊ ကျွန်းလှမြို့နယ်များတွင် ဆရာတော်ဦးဝါသဝက ဦးဆောင်၍ ပြည်သူ့စစ်ဖွဲ့စည်း၍ မိမိရပ်ရွာကို ကာကွယ်နိုင်ရေး၊ အကြမ်းဖက်ဘေးအန္တရာယ် ကြုံတွေ့လာပါက ပူးပေါင်းချိတ်ဆက်ကာ အကြမ်းဖက်ဘေးအန္တရာယ်များကို ကာကွယ်နေကြရခြင်းဖြစ်သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment