ပုဏ္ဏားကျွန်းမြို့၌ အပတ်စဉ်(စနေနေ့) စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ အပတ်စဉ်(စနေနေ့) စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်





MNP ၊ အောက်တိုဘာ ၂၉

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့အင်္ဂါများရပ်နှင့်အညီ ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှစေရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများ အပတ်စဉ်(စနေ)နေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို  ယနေ့၊ နံနက်(၇)နာရီက ပုဏ္ဏားကျွန်းမြို့ နယ်ပြည်သူ့ဆေးရုံခြံဝင်းရှေ့၌ ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္က ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များ ကြီးကြပ်ပြီး၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အခြားဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းကာ မြို့နယ်ပြည်သူ့ဆေးရုံခြံဝင်းအတွင်းရှိ စွန့်ပစ်အမှိုက်သရိုက်များ နှင့်ချုံနွယ်ပေါင်းပင်များအား ရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကနှင့်အဖွဲ့ဝင်များသည် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး၊မြို့နယ်စည်ပင်သာယာရေးအမှိုက်သိမ်းကားဖြင့် သတ်မှတ်နေရာများတွင် စနစ်တကျစွန့်ပစ်ခဲ့ကြကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)