လယ်ယာကဏ္ဍဖွံ့ဖြိုးရေးသာမက လယ်ယာကဏ္ဍပြောင်းလဲတိုးတက်ရေးကိုပါ ကြိုးပမ်းဆောင်ရွက်ရန်လိုအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ယာကဏ္ဍဖွံ့ဖြိုးရေးသာမက လယ်ယာကဏ္ဍပြောင်းလဲတိုးတက်ရေးကိုပါ ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်



MNP ၊ အောက်တိုဘာ ၁၅

စိုက်ပျိုးရေး၊ မွေးမြူရေးပညာရှင်များအနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးသာမက လယ်ယာကဏ္ဍပြောင်းလဲတိုးတက်ရေးကိုပါ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်၍ ပညာရပ်အသီးသီးတွင် ထူးချွန်ထက်မြက်သော လူသားအရင်းအမြစ်များ ပေါ်ထွန်းလာရေးကို လည်း စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယမန်နေ့က စိုက်ပျိုးရေးတက္ကသိုလ် စုဝေးခန်းမဆောင်၌ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များမှ မဟာသိပ္ပံနှင့် ပါရဂူသင်တန်းတက်ရောက်နေကြသည့် သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များအနေဖြင့် အထူးပြုဘာသာရပ်အလိုက် ထူးချွန်သူများ မွေးထုတ်ပေးရာတွင် သီးနှံတစ်ခုချင်းအလိုက်၊ နည်းပညာရပ်တစ်ခုချင်းအလိုက် ထူးချွန်သူများပေါ်ထွန်းလာရေးအတွက် စူးစူးစိုက်စိုက် ကြိုးပမ်းကြရန်လိုကြောင်း၊ သုတေသနပြု လေ့လာတွေ့ရှိချက်များအပေါ် ဆွေးနွေးသုံးသပ်နိုင်ရန် နည်းပညာရပ်ဆိုင်ရာ ဆွေးနွေးဖလှယ်ပွဲများ၊ ဟောပြောပွဲများကို ဘာသာရပ်အလိုက်ကျင်းပပြီး လွတ်လွတ်လပ်လပ် အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်သည့် အစီအစဉ်များ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းပညာရှင်အဖွဲ့ (Myanmar AcademyofAgriculture,Livestockand Fisheries) ပြန်လည်ဖွဲ့စည်းပြီး စိုက်ပျိုးမွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်းနှင့် အဆိုပါအဖွဲ့၏ ဦးဆောင်မှုဖြင့် သုတေသနညီလာခံများ၊ စာတမ်းဖတ်ပွဲများ၊ ဆွေးနွေးပွဲများကျင်းပခြင်း၊ စာအုပ်စာစောင်များထုတ်ဝေခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ မဟာသိပ္ပံနှင့် ပါရဂူသင်တန်းသားများ၏ လေ့လာတွေ့ရှိချက်စာတမ်းများ တင်သွင်းနိုင်မည့်အခွင့်အလမ်းများ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊ ဘွဲ့ရရုံမျှလေ့လာသင်ယူ ခြင်းမဟုတ်ဘဲ အမှန်တကယ်အတွေ့အကြုံကောင်းရှိသော အရည်အသွေးပြည့်ဝသူများအဖြစ် ပေါ်ထွန်းလာစေရန် မျှော်မှန်းဆောင်ရွက်ခြင်းဖြစ်၍ သက်ဆိုင်သူအားလုံးတို့က ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း။


ဖွံ့ဖြိုးပြီးသောနိုင်ငံများတွင် Industrial Revo-lution 4.0 ကို ကျင့်သုံးနေကြပြီဖြစ်သကဲ့သို့ စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံများအနေဖြင့်လည်း ပိုမိုထိရောက်သော ခေတ်မီထုတ်လုပ်မှု လုပ်ငန်းစဉ်များပါဝင်သည့် Agricultura4.0 ကို ပြောင်းလဲကျင့်သုံးနေကြပြီဖြစ်ရာ မိမိတို့နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ပြောင်းလဲတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ကျရာအခန်းကဏ္ဍက ထူးချွန်ပြောင်မြောက်စွာ ပါဝင်စွမ်းဆောင်နိုင်ရေးကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များမှ မဟာသိပ္ပံနှင့် ပါရဂူသင်တန်းတက်ရောက်နေကြသည့် သင်တန်းသား သင်တန်းသူများနှင့်အတူ ကော်ဖီနှင့်မုန့်များသုံးဆောင်ကြပြီး သင်ကြားမှုနှင့် သင်ယူမှုဆိုင်ရာကိစ္စရပ်များ ရင်းနှီးစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)