မင်းဘူး(စကု)မြို့နယ်အတွင်း မိုးသီးနှံစိုက်ပျိုးထားရှိမှု တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူး(စကု)မြို့နယ်အတွင်း မိုးသီးနှံစိုက်ပျိုးထားရှိမှု တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

 



MNP - အောက်တိုဘာ   ၁၄


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း မိုးသီးနှံစိုက်ပျိုးထားရှိမှုနှင့် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို မင်းဘူးခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိ သူများအဖွဲ့က ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။


ထိုသို့စစ်ဆေးရာတွင် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိ သူများအဖွဲ့သည် မောင်းမကန်ကျေးရွာရှိ ဒေသခံတောင်သူ ဦးစန်းဦး၏ ယာမြေ၌ စိုက်ပျိုးထားသော ဆီထွက်သီးနှံ မိုးနေကြာစိုက်ခင်း၊ ချည်မျှင်ရှည်ဝါစိုက်ခင်းနှင့် မိုးနေကြာသီးညှပ် ရိတ်သိမ်းထားရှိမှု များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများအနေဖြင့် ဆီထွက်သီးနှံ ဆောင်းနေကြာကို အထွက်နှုန်းကောင်းမွန်အောင် စနစ်တကျ စိုက်ပျိုးကြစေလိုကြောင်း ဆွေးနွေးမှာကြားခဲ့သည်။


ဆက်လက်ပြီး သီးကုန်ကျေးရွာ ကျောင်းထိုင်ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညို၍ တာဝန်ရှိသူများနှင့်အတူ သီးကုန်းကျေးရွာရှိ သုသာန်(သင်္ချိုင်း)မြေနေရာ ရွှေ့ပြောင်းထားရှိမည့် နေရာအား ကြည့်ရှုစစ်ဆေးကာ မြေပိုင်ရှင်မှ ကျေးရွာသို့ သုသာန်မြေအဖြစ်လှူဒါန်းသည့် မြေနေရာ ၂ ဒသမ ၅၀ ဧကရှိသော ပိုင်ဆိုင်မှု ပုံစံ(၇) အထောက်အထားများကို ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။


ယင်းနောက် မုန်တောင်ကျေးရွာရှိ တောင်သူ ဦးမင်းအောင်၏ ပဲစဉ်းငုံ ရေဆင်း-၁၀ နှမ်းစပ်ဖြူမျိုး (၅)ဧက စိုက်ခင်းနှင့်  တောင်သူ ဦးတင့်လွင်ပါ (၈)ဦးတို့၏ ချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်စိုက်ခင်း ဧက ၂၀ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးကဏ္ဍ တင်ပြမှုအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ်စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ (မိုး)နေကြာကို သီးသန့်/သီးညှပ် ၆၅၇၆ ဧကနှင့် ချည်မျှင်ရှည်ဝါသီးနှံကို ၁၇၇၀ ဧက၊ (မိုး)ပဲစဉ်းငုံသီးနှံကို ၁၁၉၈ ဧကအထိ စိုက်ပျိုးနိုင်ခဲ့ပြီး၊ (ဆောင်း)နေကြာသီးနှံကို ၃၃၅၀၄ ဧကအထိ လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သတင်း - မောင်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)