တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အန္ဒိယနိုင်ငံသို့ ကုန်သွယ်မှု (၆)လတာာလက ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ(၉.၂၃၇) သန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အန္ဒိယနိုင်ငံသို့ ကုန်သွယ်မှု (၆)လတာာလက ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ(၉.၂၃၇) သန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရ



MNP ၊ အောက်တိုဘာ ၂၉

တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(70.000)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(3.000)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ ကျပ်သန်း(73.000)ဖြစ်ပြီး တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ခုနှစ်၊ ဧပြီလမှ စက်တင် ဘာလအထိ (6)လတာကာလအတွင်း ပို့ကုန် ပမာဏအမေရိကန်ဒေါ်လာသန်း(5.839)၊ သွင်းကုန် ပမာဏအမေရိကန်ဒေါ်လာသန်း(3.398)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (9.237)ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။


အောက်တိုဘာလ(၁)ရက်နေ့မှ (၂၁)ရက်နေ့အထိ ပို့ကုန်ပမာဏ အမေရိကန် ဒေါ်လာသန်း(0.၂၁၉)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(0.၂၅၀) စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာသန်း (0.၄၆၉)ဆောင်ရွက်နိုင်ခဲ့သည့်အတွက် (၇)လတာ ကာလအတွင်း စုစုပေါင်း ပို့ကုန်ပမာဏ အမေရိကန် ဒေါ်လာသန်း (၆.၀၅၈)၊ သွင်းကုန် ပမာဏ အမေရိကန် ဒေါ်လာသန်း(3.၆၄၈)၊ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာသန်း (9.၇၀၆)ဖြစ်၍ (၁)နှစ်စာ လျာထားချက်အပေါ် (13.30)% ဆောင်ရွက်နိုင်ခဲ့ပြီး၊ ဧပြီလမှ အောက်တိုဘာလထိ (၇)လတာ လျာထားချက်အပေါ် (27.93)% ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း တမူးနယ်စပ်ကုန်သွယ် ရေးစခန်း၏ စာရင်းများအရ သိရသည်။


အများဆုံးပို့ကုန်များအနေဖြင့် ကွမ်းသီး၊ မက်မန်းသီး၊ နန့်ဖာလုံကုန်စုံ၊ စီးကရက်၊ ဖိနပ်၊ ငရုတ်ကောင်း၊ သရက်သီးနှင့် အုန်းသီးတို့ ဖြစ်ပြီး သွင်းကုန်များအနေဖြင့် ဂျုံ၊ ဓါတ်မြေဩဇာ၊ ဆံပင်၊ စာရေးကိရိယာ၊ ဇီယာစေ့နှင့် ချွတ်ဆေးတို့ ဖြစ်ကြောင်း သိရသည်။


တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)၏ ညွှန်ကြားချက်များနှင့် အညီ ကုန်သွယ်မှုတွင် ကြုံတွေနေရသော အခက်အခဲများအား ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)တို့ အချိန်နှင့်တပြေးညီတင်ပြခြင်း၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ OSS ဌာနဆိုင်ရာများ၊ ကုန်သည်အသင်းအဖွဲ့များ၊ ကုမ္ပဏီလုပ်ငန်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခြင်းများဖြင့် ကုန်သွယ်မှု လျှင်မြန်ချောမွေ့စေရေးနှင့် ကုန်သွယ်မှုလျာထားချက် ပြည့်မှီစေရေး ဆောင်ရွက်လျက်ရှိကြောင်း DOCA(စစ်ကိုင်း)၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)