အသက်မွေးဝမ်းကျောင်း အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အသက်မွေးဝမ်းကျောင်း အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်



MNP - အောက်တိုဘာ   ၁၃


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဏာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါကျေးလက်ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ကျောင်းကုန်းမြို့နယ်အတွင်း အိမ်ခြေပေါင်း (၄)သောင်းကျော်ရှိရာမှာ တစ်ချို့အိမ်တွေမှာ ဆိုင်ကယ်နှစ်စီး၊ သုံးစီးရှိကြတယ်၊ မိမိကိုယ်တိုင်မောင်းနှင်ရင်းပျက်ရင် အလွယ်တကူ ပြင်နိုင်မယ်၊ မေးသိုင်းကြိုးပါသောဦးထုပ်များ ဆောင်းကြဖို့။ ပြောကြားခဲ့ပြီး၊ မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းထူးက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ တိုးတက်ဖို့အတွက် ယခုလိုသင်တန်းတွေ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းစည်းမျဉ်း စည်းကမ်းများကို လိုက်နာကြဖို့ ပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါမြတ်မွန်က မြစိမ်းရောင်ကျေးရွာများမှ သင်တန်းသားများကို ခေါ်ယူခြင်းဖြစ်ပြီး၊ မိမိတို့ကျေးရွာမှာ လက်တွေ့အသုံးချနိုင်ဖို့နဲ့ ထောက်ပံ့ပေးနိုင်ဖို့ဖြစ်ကြောင်း၊ အခြေခံ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းသို့ ကျေးလက်နေပြည်သူ (၃၀)ဦး တက်ရောက်ခဲ့ပြီး၊ သင်တန်းကာလမှာ(၁၃.၁၀.၂၀၂၂)ရက်နေ့မှ (၁၁.၁၁.၂၀၂၂)ရက်နေ့အထိ ရက်ပေါင်း (၃၀) သင်ကြားပေးမည်ဖြစ်ကြောင်း၊ ထူးချွန်သော သင်တန်းသားအား ပထမဆုနှင့် ဒုတိယဆု ချီးမြှင့်ပေးသွားမည်ဟု ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါမြတ်မွန်က ပြောသည်။


သတင်း - ဝင်းကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)