တံတားဦးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ဆေးပညာနှင့်သက်ဆိုင်သည့် စာအုပ်စာစောင်များလာရောက်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ဆေးပညာနှင့်သက်ဆိုင်သည့် စာအုပ်စာစောင်များလာရောက်လှူဒါန်း

 



MNP - အောက်တိုဘာ   ၃


ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ဆေးပညာနှင့်သက်ဆိုင်သည့် စာအုပ်စာစောင်းများ လှူဒါန်းခြင်းကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်ပြည်သူ့ စာကြည့်တိုက် (Community Centre) ခန်းမတွင်  ကျင်းပကြောင်း သိရသည်။


လှူဒါန်းပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းကို ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ စာအုပ်စာစောင်များ အလှူရှင်ကိုယ်စား တံတားဦးမြို့ လွှစဉ်တန်းရပ်နေ ဦးကံချွန်က စာအုပ်စာစောင်များ လာရောက် လှူဒါန်းခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် ဆေးကျောင်းသား/သူများအနေဖြင့် ဆေးပညာ စာအုပ်စာစောင်များ စနစ်တကျ လေ့လာမှတ်သားစေလိုကြောင်း၊ ဒါ့အပြင် ဆေးပညာသည် ခက်ခဲလွန်း သဖြင့် လူ၏သက်ကို ကယ်တင်ခြင်းဖြစ်ကြောင်း၊ “ ပညာရွှေအိုးလူမခိုး” ဆိုသည့်စကားအတိုင်း စာအုပ် စာစောင်များကို ရိုသေစွာကိုင်တွယ်အသုံးပြု စေလိုကြောင်းပြောကြားသည်။


ထို့နောက် ဆေးပညာနှင့်သက်ဆိုင်သည့် စာအုပ်စာစောင်များ အလှူရှင်ဖြစ်သည့် တံတားဦးမြို့ နီပါးတန်းရပ်နေ ဒေါက်တာဝင်းအောင် ဇနီးဒေါ်ခင်စန်းလွင် မိသားစုကိုယ်စား ဦးကံချွန်က ပေးအပ် လှူဒါန်းရာ မြို့နယ်ဦးစီးအရာရှိ ဦးဘိုမောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။ ပြည်သူများအနေဖြင့် စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုလေ့လိုပါက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အခမဲ့အသင်းဝင်ရောက်နိုင်ပြီး အခမဲ့ငှားရမ်း ဖတ်ရှုနိုင်ပါကြောင်း ဦးစီးအရာရှိ ဦးဘိုမောင်ထံမှ သိရသည်။


သတင်း - ရဲတင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)