မိုးနဲမြို့နယ် အထကကျောင်းသန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း ဖော်ဆောင်ရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့နယ် အထကကျောင်းသန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း ဖော်ဆောင်ရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

 


MNP - အောက်တိုဘာ   ၁၉


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း ဖော်ဆောင်ရေးဆိုင်ရာ လုပ်ငန်းဆွေးနွေးပွဲကို အဆိုပါကျောင်း ပုလဲဆောင်ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ရာ ကျောင်းစိမ်းလန်းစိုပြည်ဖော်ဆောင်ရေးကော်မတီအဖွဲ့ဝင်များ၊ ဆရာ/မများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ဆွေးနွေးပွဲတွင် အထက-မိုးနဲ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသန်းသန်းဌေးက ပြိုင်ပွဲဝင်ထားသော သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း(Clean and GreenSchool)အတွက် ဆောင်ရွက်ရမည့်အခြေခံ စံညွှန်း(၄)ချက်နှင့် အညွှန်းကိန်း (၁၇)ချက် ကိုလည်းကောင်း၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း (Clean and Green School)ဖော်ဆောင်ရာတွင် ဆရာ/မများ၊ ကျောင်းသား/သူများပါဝင်သော (Green Club) စိမ်းလန်းစိုပြည်ဖော်ဆောင်ရေးနှင့်စပ်လျဉ်း၍ အဖွဲ့ဝင် ဆရာမဒေါ်နန်းရီရီမြင့်ကလည်းကောင်း(Waste Management Club) စွန့်ပစ်ပစ္စည်းစနစ်တကျ စီစဉ်ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ အဖွဲ့ဝင် ဆရာမဒေါ်သင်းသင်းဟန်က လည်းကောင်း၊ (Water Saving Club) ရေစနစ်ထိန်းသိမ်းဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ဆရာမဒေါ်သင်းသင်းနိုင်က လည်းကောင်း၊ (Energy Saving Club) စွမ်းအင်ထိန်းသိမ်း ဆောင်ရွက်‌ရေးနှင့်စပ်လျဉ်း၍ အဖွဲ့ဝင်ဆရာဦးကျော်စိုးမိုးစိန်ကလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက သိရှိလိုသည်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - မျိုးညွန့်ရွှေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)