ရန်ကုန်တိုင်းဒေသကြီး၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏(၅၈)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်း အမှတ်ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏(၅၈)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်း အမှတ်ပြုလုပ်



MNP ၊ အောက်တိုဘာ ၅

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏(၅၈)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဗိုလ်ချုပ် ဇင်မင်းထက်ထံမှ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ရဲဗလဆု ရရှိသော ရဲတပ်ဖွဲ့ဝင် ၄၀ ဦးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်းတာဝန် များကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် တပ်ဖွဲ့ဝင် ၁၈ ဦးတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြု ဆုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။


၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်း ချက်တာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု မှတ်တမ်းကို Video Clip ဖြင့် ပြသမှုများကို ကြည့်ရှုကြပြီး ပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)