MNP - အောက်တိုဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ထပ်မံတိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ (၂) ရွာအား စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က ဦးစွာပထမ ဇီးကုန်းအုပ်စု၊ ရထောင်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သဲကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးက အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအေးက မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးအောင်ဝင်းက နေကြာမျိုးစေ့ဖြန့်ဝေမှုနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရထောင်ကုန်းကျေးရွာ မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များထံသို့ နေကြာမျိုးများနှင့် ရန်ပုံငွေကျပ်သိန်း (၂၀၀) အား လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ကျွဲပလုပ်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) အတွက် ရန်ပုံငွေကျပ်သိန်း (၁၀၀)ကိုလည်း အဆိုပါ ကျေးရွာတွင်ဆက်လက် လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။
သတင်း - ဝင့်နန္ဒာဌေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment