ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း(၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း(၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကျင်းပ



MNP - အောက်တိုဘာ  ၃၁


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချူပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ နေပြည်တော်မီးသတ်ဦးစီးမှူးရုံး ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်း(၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။


အခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်၊ နေပြည်တော်တိုင်း မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူးဦးလှိုင်ဝင်းအောင်၊ ခရိုင်/မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်မှ အဖွင့်အမှာစကားပြောကြားရာ၌ "သဘာဝဘေးအန္တရာယ် များကြုံတွေ့လာရပါက ထိခိုက်ဆုံးရှုံးမှုများကို လျော့ချနိုင်ရေးအတွက် အဓိကလိုအပ်သည့် ရှာဖွေကယ်ဆယ်ခြင်းနှင့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ရန် အထူးအရေးကြီးကြောင်း၊ ထို့ကြောင့် သင်တန်းတက်ရောက်သူများအနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်လေ့လာဆည်းပူးပြီး အများပြည်သူ အကျိူးအတွက် ဆောင်ရွက်ကြစေလိုကြောင်း" တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် နေပြည်တော် ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် တာဝန်ရှိသူများသည် တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ခင်းကျင်းပြသထားသည့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် သရုပ်ပြသမှုများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။


အဆိုပါ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း(၁/၂၀၂၂)ကို အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဟိုတယ်ဝန်ထမ်းများနှင့် ဈေးဝယ်စင်တာများမှ သင်တန်းသား၊ သင်တန်းသူ ၅၀ ဦးအား နည်းပြ သရုပ်ပြ ၈ ဦးဖြင့် မီးသတ်တပ်ဖွဲ့၏ အခန်းကဏ္ဍနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်များ၊ အခြေခံကြိုးချည် နည်းစနစ်များ၊ ကြိုးအသုံးပြု၍ ကယ်ဆယ်ခြင်းနည်းစနစ်များ၊ ခေတ်မီရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် ကိုင်တွယ်ထိန်းသိမ်း အသုံးပြုခြင်းများ အသက်ရှူကိရိယာအသုံးပြုခြင်း၊ ရေတွင်းအသက်ကယ်ဆယ်ခြင်း၊ အဆောက်အဦ ပြိုကျမှုရှာဖွေကယ်ဆယ်ခြင်း၊ ယာဉ်မတော်တဆမှုနှင့် အခြေခံ အသက်ကယ်နည်းစနစ်များ၊ လူနာသယ်ဆောင်ခြင်း နည်းလမ်းများကို အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၁၁ ရက်နေ့အထိ စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။


သတင်း -သားငယ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)