နွားထိုးကြီးမြို့နယ်၌ အခြေခံပညာ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နွားထိုးကြီးမြို့နယ်၌ အခြေခံပညာ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

 



MNP - အောက်တိုဘာ  ၂၇


မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၊ အောင်သူရိန်ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနားတွင် တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးစိုးညွန့်က အဖွင့်အမှာစကားနှင့် အလုပ်ရုံ ဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲတွင် မြင်းခြံခရိုင်၊ ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးစိုးညွန့်ချိုက စီမံခန့်ခွဲရေး ဘာသာရပ်ဖြင့် လည်းကောင်း၊ လက်ထောက်ပညာရေးမှူး ဒေါ်သိန်းမေက ပညာရေးဘာသာရပ်ဖြင့် လည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဦးခင်မောင်သန်းက ဘဏ္ဍာရေးရေးရာဘာသာရပ်တို့ဖြင့် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားစေရန် ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း၊ ဆွေနွေးပွဲကာလမှာ အောက်တိုဘာ (၂၇) ရက်မှ (၂၈) ရက်နေ့အထိ နေ့စဉ်နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ ပို့ချ ဆွေးနွေးသွားမည်ဖြစ်ပြီး၊ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေး နွေးပွဲတွင် နွားထိုးကြီးမြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းမှ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီး(၁၆၅)ဦး တက်ရောက် ဆွေးနွေးမည်ဖြစ်ကြောင်းသိရသည်။


သတင်း - သန်းအောင်ဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)