ရေအသုံးချသူအဖွဲ့/အသင်းများမှ အဖွဲ့ဝင်တောင်သူများ စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အသိပညာပေးသင်တန်း (၁/၂၀၂၂) ဖွင့်လှစ်သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေအသုံးချသူအဖွဲ့/အသင်းများမှ အဖွဲ့ဝင်တောင်သူများ စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အသိပညာပေးသင်တန်း (၁/၂၀၂၂) ဖွင့်လှစ်သင်ကြား

 



MNP - အောက်တိုဘာ   ၁၄


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေအသုံးချသူအဖွဲ့/အသင်းများမှ အဖွဲ့ဝင်တောင်သူများ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေး အသိပညာပေး သင်တန်း (၁/၂၀၂၂) ကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းစိုက်ပျိုးရေးဝန်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။                                    


သင်တန်းဖွင့်ပွဲတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်ဇော် (အထက်မြန်မာပြည်)က အဖွင့်အမှာစကား ပြောကြားရာတွင်   ဩဂုတ်လ ၂၆ ရက်နေ့မှာ ကျွန်တော်တို့ဌာနက ကျင်းပခဲ့တဲ့  “ပူးပေါင်းပါဝင် ဆည်မြောင်း စနစ်ဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေး ဆွေးနွေးပွဲ” မှာ ရေအသုံးချသူအဖွဲ့များ၊ အသင်းများမှအဖွဲ့ဝင်တောင်သူများကို သင်ကြားပို့ချခဲ့တဲ့ စိုက်ပျိုးကဏ္ဍ နှင့်သက်ဆိုင်တဲ့ ပညာရပ်များဟာ တောင်သူများအတွက်များစွာအကျိုးရှိတဲ့ အတွက်ကြောင့် ထိုသင်တန်းကို မတက်ရောက်ခဲ့ရတဲ့ တောင်သူများ သိရှိနားလည်နိုင်စေရေး အတွက် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နဲ့အညီ ယနေ့ “စိုက်ပျိုးရေးကဏ္ဍ အသိပညာပေးသင်တန်း”အား ဖွင့်လှစ်ပို့ချရခြင်းဖြစ်ပါကြောင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် ပိုမိုစနစ်ကျကောင်းမွန်သည့် ဆည်ရေပေးဝေမှုစနစ် ကျင့်သုံးနိုင်ရန်နှင့် ဆည်ရေကိုအလေအလွင့် နည်းပါးစွာဖြင့် ထိထိရောက်ရောက် အကျိုးရှိအောင် သုံးစွဲနိုင်ရန်အတွက် ရေစီမံခန့်ခွဲမှုတွင် ရေအသုံးချသူ တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်စီမံခန့်ခွဲသည့် ဆည်မြောင်းစနစ်ဖြစ်ပေါ်လာစေရေးအတွက်  ရေအသုံးချသူအဖွဲ့၊ အသင်းများအား ဖွဲ့စည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  တက်ရောက်လာတဲ့ တောင်သူလယ်သမားကြီးများ နေဖြင့်လည်းရရှိလာတဲ့ အသိပညာတွေကို မိမိတို့ပတ်ဝန်းကျင်မှာရှိတဲ့ အခြားတောင်သူ လယ်သမားဦးကြီးများကို မျှဝေပေးခြင်းအားဖြင့် တောင်သူများအားလုံး စိုက်နည်းစနစ်၊ ရေရယူစနစ်များ ပိုမိုစနစ်ကျလာပြီး အထွက်နှုန်းများတိုးတက်ကာ လူနေမှုဘဝများ မြင့်မားတိုးတက်လာကြမှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် နေပြည်တော် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာမှ ညွှန်ကြားရေးမှူး ဦးခင်ဇော်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။        


အဆိုပါသင်တန်းတွင် သီးနှံများရေလိုအပ်ချက် ထွက်ချက်ရေသွင်းခြင်းဖြင့် အထွက်နှုန်းတိုးတက်ရေး၊ ရေအသုံးချသူများအဖွဲ့များ၏ အခန်းကဏ္ဍများ၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်ရေးနည်းစနစ်များ၊ စိုက်ပျိုးရေးသီးနှံများ၏ ရေလိုအပ်ချက်အလိုက် စိုက်ပျိုးနည်းနှင့် နေကြာသီးနှံအကြောင်းသိကောင်းစရာ၊ နည်းပညာသစ်လယ်ယာသုံး စက်ကရိယာများနှင့် လယ်ယာမြေ ဥပဒေ နည်းဥပဒေများအကြောင်းကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းမှ  ရေအသုံးချသူအဖွဲ့/အသင်းများမှ အဖွဲ့ဝင် တောင်သူများစုစုပေါင်း ၈၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)