တောင်ငူ၌ တက္ကသိုလ်ဝင်အောင်ချက်မြင့်မားရေး အထောက်အကူပြုဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ခရိုင်အဆင့် ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ငူ၌ တက္ကသိုလ်ဝင်အောင်ချက်မြင့်မားရေး အထောက်အကူပြုဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ခရိုင်အဆင့် ပြုလုပ်




MNP - အောက်တိုဘာ   ၁၇


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း ဆရာကွန်းခန်းမတွင် ၂၀၂၃ ခုနှစ်၌ တက္ကသိုလ်ဝင်အောင်ချက် မြင့်မားရေး အထောက်အကူပြု ဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ခရိုင်အဆင့်ကျင်းပပြုလုပ်ကြောင်း သိရသည်။


ဆွေးနွေးပွဲ၌ ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးလွင်က အလုပ်ရုံဆွေးနွေးပွဲ၌ စာစစ်အတွေ့အကြုံရှိသည့် တောင်ငူတက္ကသိုလ်မှ ပါမောက္ခ၊ ဌာနမှူးများက တစ်ဆင့် ဘာသာရပ်အလိုက် ဘာသာရပ်သင် ဆရာ၊ ဆရာမများကို စာမေးပွဲနှင့် ပတ်သက်သည့် မေးခွန်းပုံစံများ၊ သင်ခန်းစာအလိုက် မေးနိုင်သည့် မေးခွန်းပုံစံများ၊ အမှတ်ပေးစည်းမျဉ်းများကို စာစစ်အတွေ့အကြုံအရ ရှင်းလင်းသွားမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများ ကလည်း သိလိုသည်များရှိပါက မေးမြန်းစေလိုကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲမှရရှိသည့် အတွေ့အကြုံ၊ မိမိတို့သင်ကြားသည့် သင်ခန်းစာများအပေါ် ကျွမ်းကျင်ပိုင်နိုင်မှု များ ပေါင်းစပ်ပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသားများအားလုံးကို ကြိုးစားသင်ကြား ပေးစေလိုကြောင်းပြောကြားပြီး တောင်ငူခရိုင်ပညာရေးမှူး ဒေါက်တာနော်ဥမ္မာထွန်းက အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


၎င်းအလုပ်ရုံ ဆွေးနွေးပွဲသို့ တောင်ငူခရိုင်အတွင်းရှိ တောင်ငူ၊ အုတ်တွင်း၊ ဖြူး၊ ရေတာရှည်နှင့် ထန်းတပင်မြို့နယ်များမှ အထက်တန်းအဆင့်သင် ဆရာ၊ ဆရာမ (၁၂၉)ဦး တက်ရောက်သင်ကြားလျက်ရှိကာ နည်းပြများက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ၊ ပထဝီ၊ သမိုင်း ဘာသာရပ်များကို စနစ်တကျ ရှင်းလင်းပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။


ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စနစ်ဟောင်း၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန် ကျောင်းများ၌ တက်ရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူပေါင်း ၂၆၃၃ ဦးရှိပြီး ယခင်နှစ် ၂၀၂၂ ခုနှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက် ရာခိုင်နှုန်းအရ ၄၆ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)