ဘားအံမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုရေးကွင်းဆင်းဆောင်ရွက်၍ အခြေခံစားသောက်ကုန်များ ဆက်လက်ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုရေးကွင်းဆင်းဆောင်ရွက်၍ အခြေခံစားသောက်ကုန်များ ဆက်လက်ရောင်းချပေး

 


MNP - အောက်တိုဘာ  ၁၆


ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့မွန်းလွဲ (၁:၀၀) နာရီအချိန်ခန့်က  လှာကမြင်ကျေးရွာအုပ်စု ရသဝေါ်ကျေးရွာ မူလွန်ကျောင်းတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


ရှေးဦးစွာ ဘားအံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက အဖွင့်အမှာစကား ပြောကြားရာတွင် ကျေးရွာနေပြည်သူများ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး စစ်ကြောင်း(၅)ကြောင်းဖြင့် ကွင်းဆင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ချက်ချင်း ဆောင်ရွက်ပေးနိုင်သည့် ကိစ္စများအား ဆောင်ရွက် ပေးနိုင်ရေး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း (OSS) အဖွဲ့များလည်းပါရှိကြောင်း၊ ကျေးရွာနေ ပြည်သူများမှလည်း မိမိကျေးရွာရှိ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး တင်ပြပေးရန်နှင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ ဘားအံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းမင်းဌေးက ကာကွယ်ရေး ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များ ကိုလည်းကောင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိုက်အောင်က နယ်မြေလုံခြုံရေးနှင့် မှုခင်းကျဆင်းရေး ကိစ္စများကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့  အဖွဲ့ဝင်(၂) ဦးဝင်းတင့်က ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ပြီး စစ်ကြောင်းကြီး (၅)ကြောင်းတွင် ပါဝင်သော ဌာနဆိုင်ရာများမှမိမိတို့ ဌာန၏ ဌာနအလိုက် ဆောင်ရွက်ပေးနေသော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ရာ ဒေသခံပြည်သူများမှ လမ်း၊ တံတားလိုအပ်မှုများ၊ ကျောင်းဆောင်သစ်လိုအပ်မှု၊ ဆရာမလိုအပ်မှုနှင့် မူကြိုကျောင်း ဖွင့်လှစ်ပေးနိုင်းရေးလိုအပ်မှုများအား တင်ပြမှုအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


ထို့နောက် ကရင်ပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့် ကျေးလက်နေပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ ပြေလည်စေရန် အခြေခံစားသောက် ကုန်များဖြစ်သော ဆန်၊ ဆီ၊ ကြက်ဥတို့ကို ကျေးရွာနေပြည်သူများ သက်သာ‌သော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)