ရခိုင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများ ဂွမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများ ဂွမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

 



MNP - အောက်တိုဘာ  ၃၀


ရခိုင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းနှင့် နေ့လည်ပိုင်းတွင် ဂွမြို့နယ် ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။


ပြည်နယ်ဝန်ကြီးများနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ကျိန္တလီမြို့ကမ်းခြေဆင်း ပတ်လမ်း တိုးချဲ့နေမှုများအားလည်းကောင်း၊ နေ့လည်ပိုင်းတွင် ဂွ-ငါးသိုင်းချောင်း ကားလမ်းပေါ်ရှိ ဒေါင့်ချောင်းပူးပေါင်းစစ်ဆေးရေးဂိတ် ဆောက်လုပ်ထားရှိမှု အခြေအနေ၊ စည်ပင်ပန်းခြံနှင့် မြို့နယ်ခန်းမ ဆောက်လုပ်နေမှုအခြေအနေများ၊ ရွာမရပ်ကွက်ရှိ မြစိမ်းရောင်လမ်း ခင်းကျင်းနေမှု အခြေအနေ၊ ဂွ -မကျေးငူတံတား ပြီးစီးမှုအခြေအနေနှင့်  ကျောက်ချွန်ကျေးရွာရှိ ရွှေရတီ ကမ်းခြေအိမ်ရာ စီမံကိန်းဆောက်လုပ်နေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး စီမံကိန်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စံချိန်စံညွှန်းပြည့်မီရေး၊ စက်ပစ္စည်းများ စနစ်တကျ တပ်ဆင်အသုံးပြုရေးနှင့် လေလွင့်ဆုံးရှုံးမှုမရှိစေရေး ဂရုစိုက်ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


သတင်း - ရွှေရည်ဝင်းကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)